“ကိုဗစ်ကာလ ကျန်းမာရေးအခြေအနေ ကြောင့် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို အကျဉ်းရုံးပဲပြုလုပ်မည်”

0
182

“ကိုဗစ်ကာလကျန်းမာရေး အခြေအနေကြောင့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အကျဉ်းရုံးပဲပြုလုပ်မည်”

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက နှစ်စဉ်နှစ်တိုင်းကျင်းပနေတဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အောက်တိုဘာလ လကုန်မှာ ကျင်းပ သွားမှာဖြစ်တယ် လို့ သိရပါတယ်။

ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို ကိုဗစ်ကာလ ကျန်းမာရေး အခြေအနေအရ အကျဉ်းရုံး ပြုလုပ်သွားမှာဖြစ်တဲ့ အကြောင်းကို ရုပ်ရှင် အစည်းအရုံး ရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးဝင်းမြိုင်က အခုလိုပဲပြောပြခဲ့ပါတယ်။

“ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို မပျက်မကွက်နှစ်စဉ်နှစ်တိုင်းလုပ်နေတာ အခုဆိုရင် ၄၄ကြိမ်မြောက် ရှိသွားပါပြီ။ အရင် ကိုဗစ်မဖြစ်ခင် နှစ်တွေတုန်းကတော့ သက်ကြီးပူဇော်ပွဲကို ခမ်းခမ်းနားနား လုပ်ပေးဖြစ်ပေမယ့် အခုဒီ၄၄ကြိမ်မြောက်သက်ကြီးပူဇော်ပွဲကိုတော့ ကိုဗစ် ကျန်းမာရေး အခြေအနေအရ ဘိုးဘွား အယောက်၂၀လောက်ကို ကန်တော့ပြီး ပွဲကိုအကျဉ်းရုံးပဲ လုပ်သွားမှာပါ။ ဘိုးဘွားအယောက် ၂၀အပြင် ကျန်တဲ့ဘိုးဘွားတွေ ကိုတော့ အိမ်တိုင်ရာရောက် လိုက်လှူမယ်၊လိုက်ပို့မယ်။ လာယူနိုင်တဲ့သူတွေကိုလည်း ရုပ်ရှင်အစည်းအရုံး မှာ လာရောက်ထုတ်ယူနိုင်မှာ ဖြစ်တယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here