ကြောင်လေး၈ကောင်နဲ့ ဘဝကို အေးချမ်းစွာဖြတ်သန်းနေတဲ့ အသက်၆၀ကျော်အရွယ် အဖွားဒေါ်အေးအေးကျော်

0
235

ကြောင်လေး၈ကောင်နဲ့ ဘဝကို အေးချမ်းစွာဖြတ်သန်းနေတဲ့ အသက်၆၀ကျော်အရွယ် အဖွားဒေါ်အေးအေးကျော်

အသက် ၆၀ကျော်အရွယ် ဘဝကိုဆွေမျိုးမရှိဘဲ ကြောင်ကလေးတွေနဲ့ပဲ တစ်ယောက်တည်း ဖြတ်သန်းနေတာကတော့ သာကေတမြို့နယ် မှာနေတဲ့ အဘွားဒေါ်အေးအေးကျော် ပဲဖြစ်ပါတယ်။ ယခင်ကကိုယ်ပိုင်မုန့်ဆိုင်လေးဖွင့်ပြီး တစ်ယောက်တည်းဘဝကို ရုန်းကန်နေပေမယ့် အချိန် ကြာလာတဲ့အခါ စျေးဆိုင်လေးမှာလည်း ပစ္စည်းတွေပျက်ကာ အရင်းကို ပြန်မရှာနိုင်တော့တဲ့ အထိဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း အခုလိုပဲပြောပြခဲ့ပါတယ်။

“ မွေးကတည်းက အမေတို့က တစ်ယောက်တည်းပဲ မွေးလာတာ တစ်ဦးတည်းသော သမီးပေါ့။ အခုတော့မိဘတွေလဲ မရှိတော့ ဘဝကို ကိုယ့်ဘာသာ ရုန်းကန်နေရတယ်။ တစ်ယောက်တည်းနေရတော့လဲ ကောင်းတာပေါ့။ စကားတွေ အများကြီးလဲ ပြောနေစရာ မလိုဘူး။ ပြီးတော့ ကြောင်လေးရှစ်ကောင်နဲ့ အိမ်မှာအတူတူနေပါတယ်။ အရင်ကတော့ မုန့်ဆိုင်လေး ဖွင့်ထားတယ်။ ကွမ်းယာလဲရောင်းပါတယ်။ ကွမ်းယာကလည်း အရမ်းရောင်းရတော့ တစ်ယောက်တည်း ဆိုတော့မလုပ်နိုင်တော့ဘူး။ မလုပ်နိုင်တော့ ဆိုင်ကရောင်းရတဲ့ငွေလေး နဲ့ပဲ နေထိုင် စားသောက်ဖြစ်တယ်။ နေထိုင်စားသောက်ရင်း ပိုက်ဆံလေးတွေ ကုန်လာတော့ အိမ်နီးချင်းတွေ ထောက်ပံ့တာလေး နဲ့ပဲစားသောက် ဖြစ်ပါတယ်။ ဘဝကို အေးအေးဆေးဆေးပဲဖြတ်သန်းချင်ပါတယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here