ချစ်ခြင်းတွေသာ မြင်တွေ့ရမယ့် Hometown Cha-Cha-Cha ရဲ့ အပိုင်းသစ်

0
147

ချစ်ခြင်းတွေသာမြင်တွေ့ရမယ့် Hometown Cha-Cha-Cha ရဲ့ အပိုင်းသစ်

ယနေ့ည ၉နာရီ (ကိုရီးယာစံတော်ချိန်) မှာ ထုတ် လွှင့်ပြသမယ့် tvN ရဲ့ ဇာတ်လမ်းတွဲ Hometown Cha-Cha-Cha ရဲ့ အပိုင်း(၁၁) ကို ပရိတ်သတ် တွေအားလုံးစောင့်မျှော်နေကြပါတယ်။

ပြီးခဲ့တဲ့အပတ်က ပြခဲ့တဲ့ Hometown Cha-Cha-Cha ရဲ့ ပိုင်း(၁၀)မှာ ခေါင်းဆောင်ဟုန်နဲ့ ဆရာဝန်မလေး ယွန်းဟယ်ဂျင်းတို့ တယောက် နဲ့တယောက်ခံစားချက်တွေ ဝန်ခံခဲ့တဲ့အခန်းနဲ့ အဆုံးသတ်ခဲ့တာပါ။

အခုလာမယ့် အပိုင်း(၁၁)မှာတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ဖွယ်ရာအချစ်ရေးကို မြင်တွေ့ရလိမ့်မယ်လို့ Soompi ကရေးသားခဲ့ပါတယ်။

ဇာတ်လမ်း ထုတ်လုပ်သူကလည်း “ဒီအပိုင်းမှာတော့ သူတို့၂ယောက်ဟာ အရင်ကမရှိခဲ့ဘူးတဲ့ ချစ်ခြင်းမေတ္တာကို ပြသမှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုသင့်တယ်” လို့ လည်း ပြောထားပါတယ်။

Mr.Hong ရုပ်ရှင်ကို ပြန်လည်ဖန်တီးထားတဲ့ Hometown Cha-Cha-Cha ဇာတ်လမ်းတွဲက ဩဂုတ်လ ၂၈ရက်နေ့က ကိုရီးယားရဲ့tvN ရုပ်သံလိုင်းမှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီးRating အများကြီးရခဲ့တဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here