သရုပ်ဆောင်ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့နဲ့ပတ်သက်တဲ့ သတင်းအမှားများကို မယုံကြည်ကြဖို့ ရေးသားခဲ့တဲ့ မအိကျော်ဇင်

0
217

သရုပ်ဆောင်ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့နဲ့ပတ်သက်တဲ့ သတင်းအမှားများကို မယုံကြည်ကြဖို့ ရေးသားခဲ့တဲ့ မအိကျော်ဇင်

သရုပ်ဆောင်ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့နဲ့ပတ်သက်ပြီး သတင်းအမှားများကို ပရိသတ်တွေမယုံကြည်ကြဖို့ အိန္ဒြာကျော်ဇင်ရဲ့အမဖြစ်သူ မအိကျော်ဇင်က သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲရေးသားထားခဲ့ပါတယ်။

“ မောင်လေး ပြေတီဦးနဲ့ ညီမအိန္ဒြာကျော်ဇင်တို့ရဲ့ သတင်းအမှားတွေ အမြဲတက်နေတာနဲ့ ပတ်သက်လို့ သူတို့ရဲ့အနုပညာကို တန်ဖိုးထားပြီးချစ်ပေးတဲ့ ပရိတ်သတ်တွေအနေနဲ့ မိသားစုကတင်တဲ့သတင်းကလွဲလို့ ဘယ်သတင်းမှမယုံကြဖို့၊ Followers များတဲ့ account တွေအနေနဲ့လည်း မိသားစုကအတည်မပြုပဲသတင်းများမတင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အကြောင်းအရာ အမှားတွေဟာ ကာယကံရှင်မိသားစုကိုထိခိုက်နစ်နာစေလို့ပါ။ အိမ်မှာကျန်ခဲ့တဲ့ ကလေးလေးတွေကိုလည်း ငဲ့ညှာသောအားဖြင့် ကူညီပေးကြပါ။” လို့ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here