လေယာဉ်ပျံကိစ္စ၊ကျွန်းသစ်ကိစ္စများနှင့်ပတ်သက်ပြီး အဂတိတိုက်ဖျက်ရေးကော်မရှင်၏ ဆင့်ခေါ်စာပေးပို့လာမှု တိုက်ရိုက်လာမေးနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်တုန့်ပြန်ထား

0
190

“လေယာဉ်ပျံကိစ္စ၊ကျွန်းသစ်ကိစ္စများနှင့်ပတ်သက်ပြီး အဂတိတိုက်ဖျက်ရေးကော်မရှင်၏ ဆင့်ခေါ်စာပေးပို့လာမှု တိုက်ရိုက်လာမေးနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်တုန့်ပြန်ထား”

အမှု၁၀မှုကျော်နဲ့ တရားရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးအမှုတွေနဲ့ ဆက်လက်တရားစွဲဆိုဖို့ ကြိုးပမ်းချက်တွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်ထံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆင့်စာတစ်စောင် ကို ပေးပို့လာတာရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဆရာဦးခင်မောင်ဇော်ကပြောပြပါတယ်။

ဆင့်စာထဲ လေယာဉ်ပျံကိစ္စ၊ကျွန်းသစ်ကိစ္စစတာတွေပါပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမကို တိုက်ရိုက်လာမေးနိုင်တယ်လို့ တုန့်ပြန်ထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here