ပရိတ်သတ်အားပေးမှုကို တောက်လျှောက်ရရှိနေတဲ့ Hometown Cha-Cha-Cha

0
216

ပရိတ်သတ်အားပေးမှုကို တောက်လျှောက် ရရှိနေတဲ့ Hometown Cha-Cha-Cha

Good data Corporation ကနေ ဒီတပတ်အ တွက် လူကြိုက်အများဆုံး drama နဲ့ သရုပ် ဆောင်တွေရဲ့ စာရင်းကိုထုတ်ပြန်ခဲ့ပါတယ်။

ဒီစာရင်းကိုတော့ လတ်တလောပြသနေတဲ့ ဇာတ်လမ်းတွဲတွေနဲ့ မကြာခင်ပြသတော့မယ့် ဇာတ်လမ်းတွဲတွေရဲ့ သတင်းဆောင်းပါးတွေ၊ဘလော့ဂ်ပို့စ်တွေ၊လူမှုကွန်ယက်ပေါ်က အားပေးထောက်ခံမှုတွေစတာတွေကို စုဆောင်းပြီးရွေးချယ်ထားတာပါ။

tvN ရဲ့ Hometown Cha-Cha-Cha ကတော့ ၂ပတ်ဆက်တိုက် နံပါတ် ၁နေရာမှာရှိခဲ့တာပါ။

ဒါ့အပြင် Hometown Cha-Cha-Cha ထဲက သရုပ်ဆောင် မင်းသား Kin Seon Ho က လူကြိုက်အများဆုံးသရုပ်ဆောင်စာရင်းရဲ့ နံပါတ် ၂နေရာမှာရှိနေပြီး မင်းသမီး Shin Min Ah ကတော့ နံပါတ် ၃နေရာမှာရှိပါတယ်။

သူတို့ ၂ယောက်ကိုကျော်ပြီး လူကြိုက်အများဆုံးသရုပ်ဆောင်စာရင်းမှာ နံပါတ် ၁နေရာကို ရရှိသွားတာက Honey Leeပါ။

Honey Lee ပါဝင်ထားတဲ့ SBS ရဲ့ One the Woman ကတော့ လူကြိုက်အများဆုံးဒရာမာ စာရင်းရဲ့ နံပါတ် ၂နေရာမှာ ရှိပါတယ်။

Good data Corporation ကထုတ်ပြန်တဲ့ လူကြိုက်အများဆုံးဒရာမာနဲ့ သရုပ်ဆောင်စာရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

လူကြိုက်အများဆုံးဒရာမာ ၁၀ကား

1.tvN “Hometown Cha-Cha-Cha”
2.SBS “One the Woman”
3.SBS “Lovers of the Red Sky”
4.tvN “Yumi’s Cells”
5.MBC “The Veil”
6.JTBC “Lost”
7.tvN “High Class”
8.KBS2 “Daily and Cocky Prince”
9.KBS2 “Young Lady and Gentleman”
10.tvN “Jirisan”

လူကြိုက်အများဆုံး drama သရုပ်ဆောင် (၁၀)ဦး

1. Honey Lee (“One the Woman”)
2. Kim Seon Ho (“Hometown Cha-Cha-Cha”)
3. Shin Min Ah (“Hometown Cha-Cha-Cha”)
4. Ahn Hyo Seop (“Lovers of the Red Sky”)
5. Kim Yoo Jung (“Lovers of the Red Sky”)
6. Namgoong Min (“The Veil”)
7. Kim Go Eun (“Yumi’s Cells”)
8. Gong Myung (“Lovers of the Red Sky”)
9. Ahn Bo Hyun (“Yumi’s Cells”)
10. Lee Sang Yoon (“One the Woman”)

ပရိတ်သတ်ကြီးရော ကိုယ်အားပေးတဲ့ဇာတ်လမ်းနဲ့သရုပ်ဆောင်တွေ ဘယ်လောက်ပါလဲ???


LEAVE A REPLY

Please enter your comment!
Please enter your name here