Sinopharm ကိုဗစ်ကာကွယ်ဆေးများ ကျိုင်းတုံမြို့သို့ထပ်မံရောက်ရှိလာ

0
184

Sinopharm ကိုဗစ်ကာကွယ်ဆေးများ ကျိုင်းတုံမြို့သို့ထပ်မံရောက်ရှိလာ

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ရက်နေ့မှာ Sinopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများ ကျိုင်းတုံမြို့သို့ ထပ်မံရောက်ရှိလာခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းမှ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ သယ်ယူပို့ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

Sinopharm ကာကွယ်ဆေး တစ်လုံးလျှင် လူ ၅ဦး ထိုးနှံနိုင်ပြီး ကာကွယ်ဆေး အရေအတွက် စုစုပေါင်း ၁၆၀၀၀လုံး ကို ပို့ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ယမန်နေ့ သတင်းထုတ်ပြန်ချက် များအရ ယခုရက်ပိုင်းအတွင်းမှာ ကျိုင်းတုံမြို့ဟာ ကိုဗစ်ကူးစက်မှု အများဆုံးမြို့ ဖြစ်ခဲ့ပြီး အောက်တိုဘာလ ၅ရက်နေ့ထုတ်ပြန်ချက်မှာတော့ ဒုတိယနေရာကိုပြန်လည်ရောက်ရှိလာပါသည်။

အောက်တိုဘာလ ၅ရက်နေ့အတွက် ကျိုင်းတုံမြို့ရဲ့ကိုဗစ်အတည်ပြုလူနာအရေအတွက်မှာ ၅၀ဦးရှိပြီး လက်ရှိမှာတော့ ရပ်စောက်မြို့က ကိုဗစ်ကူးစက်ခံရမှုအများဆုံးမြို့တစ်မြို့ဖြစ်နေပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here