ကိုဗစ်၁၉ရန်ပုံငွေထဲမှ ထုတ်ချေးပေးသည့်ချေးငွေများကို ငါး၊ပုစွန်မွေးမြူရေးအပါအဝင်မွေးမြူရေးကဏ္ဍတွေပါ အောက်တိုဘာ ၁၀ရက်နေ့ထိ လျှောက်ထားနိုင်

0
255

ကိုဗစ်၁၉ရန်ပုံငွေထဲမှ ထုတ်ချေးပေးသည့်ချေးငွေများကို ငါး၊ပုစွန်မွေးမြူရေးအပါအဝင်မွေးမြူရေးကဏ္ဍတွေပါ အောက်တိုဘာ ၁၀ရက်နေ့ထိ လျှောက်ထားနိုင်

ကိုဗစ်၁၉ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွါးရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ကိုဗစ်၁၉ကပ်ရောဂါကြောင့် ထိခိုက်မှုရှိနေတဲ့ အသေးစားအလတ်စား စီးပွါးရေးတွေကို အတိုးနှုန်း ၁% ၊ချေးငွေသက်တမ်း ၁နှစ်နဲ့ ကိုဗစ်၁၉ရန်ပုံငွေ ကျပ်၂၀၀ ဘီလျံထဲက ထုတ်ချေးပေးခဲ့ပါတယ်။

ထိုသို့ချေးငွေထုတ်ပေးရာမှာ ကိုဗစ်၁၉ ကြောင့် ထိခိုက်မှုရှိနေတဲ့ ငါး၊ပုစွန်မွေးမြူရေးအပါ အဝင် မွေးမြူရေးကဏ္ဍကိုလည်းစက်တင်ဘာ လ ၁၁ရက်နေ့မှ ၃၀ရက်နေ့ထိချေးငွေလျှောက် ထားနိုင်ကြောင်း UMFCCI မှ ကြေငြာခဲ့ပါတယ်။

အခုအခါမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးက ချေးငွေလျှောက်ထားတဲ့သူတွေ အဆင် ပြေချောမွေ့စေရေးအတွက် ချေးငွေလျှောက် လွှာနောက်ဆုံးလက်ခံမယ့်ရက်ကို ၂၀၂၁ခုနှစ်၊အောက်တိုဘာလ ၁၀ရက်နေ့ထိ အစိုးရရုံးပိတ် ရက်အပါအဝင် ရုံးချိန်အတွင်းမှာ ဆက်လက် လက်ခံ ဆောင်ရွက်ပေးသွားမယ်လို့ UMFCCI က အောက်ဘာလ ၆ရက်နေ့ရက်စွဲနဲ့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကိုဗစ်၁၉ချေးငွေတွေကို ၂၀၂၀ခုနှစ်၊ဧပြီလ ၉ရက်နေ့က စတင်ထုတ်ချေးပေးခဲ့ပြီး ချေးငွေသက်တမ်း ၁နှစ်ပြည့်ခဲ့ချိန်မှာတော့ ချေးငွေပြန်ဆပ်မယ့်ကာလကို အောက်တိုဘာလထိ ၆လသက်တမ်းတိုးမြှင့်ပေးခဲ့ကြောင်းလည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here