နေပြည်တော်ရှိ တောင်သူဦးရေ ၆၂၀၀ ကျော်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကျပ်သန်း ၃၆၀၀ ကျော် ထုတ်ချေးပေးထား

0
177

နေပြည်တော်ရှိ တောင်သူဦးရေ ၆၂၀၀ ကျော်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကျပ်သန်း ၃၆၀၀ ကျော် ထုတ်ချေးပေးထား

နေပြည်တော် အောက်တိုဘာ ၇

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ စိုက်ပျိုးရေးတောင်သူဦးရေ ၆၂၀၀ ကျော်အတွက် ယခုနှစ်မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ကျပ်သန်း ၃၆၀၀ ကျော်ထိ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ ခရိုင်နှင့် မြိုနယ်ဘဏ်ခွဲ လေးဘဏ်မှ တောင်သူဦးကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆက်လက် ထုတ်ချေးပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲလေးဘဏ်မှ ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု ၁၂၇ အုပ်စု၊ တောင်သူ ၆၂၆၂ ဦး၊ စပါး ၂၂၁၉၃ ဧကနှင့် အခြားသီးနှံ ၂၈၉၄ ဧက အတွက် စုစုပေါင်းစိုက်ဧက၂၅၀၈၇ ဧက အတွက် ချေးငွေကျပ် ၃၆၁၈ ဒသမ ၃၅ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း သိရသည်။

“ စထုတ်ချေးတဲ့အချိန်ကနေစပြီး ဒီနေ့ချိန်ထိ နေပြည်တော်မှာ တောင်သူဦးရေ ၆၂၆၂ ဦးထိကို စိုက်ဧကပေါင်း ၂၅၀၀၀ ကျော်အတွက် ဒီနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေတွေကို ထုတ်ချေးပေးထား ပြီးဖြစ်ပါတယ်။ ထုတ်ချေးပေးတဲ့နေရာမှာ ဘဏ်ကိစ္စတွေလဲ ငွေထုတ်အခက်အခဲလေးတွေရှိသလို တောင်သူတွေအနေနဲ့ကလဲ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကလဲ ရှိနေတာရောဆိုတော့ ပြန်ဆပ်ဖို့နောက် ကျနေတာတွေလဲရှိပြီး ထုတ်ပေးနိုင်တဲ့အခြေအနေကလဲ ကြန့်ကြာနေတဲ့သဘောတော့ရှိနေတာပေါ့” ဟု မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ နေပြည်တော်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ထုတ်ပြန်ရသော သွားလာမှုကန့်သတ်ချက်များ ၊ ကုန်စည်ကူးသန်းရောင်းဝယ်မှု အခက်အခဲများ ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲများ စသည့်တို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများ၏ အခက်အခဲများကို အထိုက်အလျောက် ပြေလည်စေရန်အတွက် ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ရန်ကာလကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အစား ၂၀၂၁ခုနှစ် ဒီဇင်ဘာလကုန်အထိ လည်းကောင်း၊ ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်ရန်ကာလကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့အစား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိလည်းကောင်း၊ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးမှု နောက်ဆုံးရက်ကို ၃၀.၉.၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အစား ၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်အထိ လည်းကောင်းအသီးသီး တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here