“မဟာဗောဓိမြိုင် ဆရာတော်ကြီးထံ ဘုရားဖူး သွားရင်း ဓါတ်တော်တွေ မဲပေါက်ခဲ့တဲ့ ဦးမေတ္တာရဲ့ဇနီး မလွင်မီမီကို

0
284

“မဟာဗောဓိမြိုင် ဆရာတော်ကြီးထံ ဘုရားဖူး သွားရင်း ဓါတ်တော်တွေ မဲပေါက်ခဲ့တဲ့ ဦးမေတ္တာရဲ့ဇနီး မလွင်မီမီကို

Unicode

လူရွှင်တော် ဦးမေတ္တာရဲ့ဇနီး မလွင်မီမီကိုက မဟာဗောဓိမြိုင် ဆရာတော်ကြီးထံ ဘုရားဖူးသွားရင်း ကံထူးစွာနဲ့ ဓါတ်တော်တွေ မဲပေါက်ခဲ့တဲ့ အကြောင်းကို သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

“ပဌာန်းစေတီ ဆရာတော် ဦးဆောင်ပြီးသွားတဲ့ ဘုရားဖူးခရီးစဉ်လေးမှာ ဘုရား(၃) ဆူ မဟာဗောဓိမြိုင် ဆရာတော်ဘုရားပုံတော်ကြီး(၁) ပုံ ရဟန္တာ(၅၀၀)ရဲ့ဓာတ်တော်တွေထည့်ထားတဲ့ဆွမ်းအုပ်(၁) ခု ကို ကား(၂) စီးပေါ်လာသူ ဘုရားဖူး ခရီးသည် (၇၀) ယောက်ကို ပဌာန်းစေတီ ဆရာတော်ကိုယ်တိုင် တဦးချင်း မဲနှိုက်စေခဲ့ပါတယ်။
ထူးထူးခြားခြား ကျွန်မ ဓာတ်တော် မဲပေါက်ခဲ့ပါတယ်။ ဝမ်းသာမှု နဲ့အတူ ကျွန်မစိတ်ထဲက အဓိဌာန်ပြီးပြောလိုက်တဲ့ စကားလေးကြောင့် ပီတိ မျက်ရည် ကျရပြန်ပါတယ်။ ယုံကြည်မှုတွေနဲ့ အတူ ကျွန်မအတွက် အားတခုဖြစ်စေခဲ့ပါတယ်။ ခရီးစဉ် တလျှောက် လှူခဲ့တဲ့ ကုသိုလ်
ကောင်းမှုအစုစုတို့ကို ချစ်မေမေ ဒေါ်ထားထား ချစ်ခင်ပွန်း ဦးမေတ္တာနဲ့အတူ (၇)ရက်သားသမီးများ အားလုံးကို အမျှပေးပါတယ်ရှင်။
အမျှရပြီး သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ” လို့ရေးသားထားပါတယ်။

Zaw Gyi




#Popularjournal
Photo-crd

 

#Popularjournal
Photo-crd


LEAVE A REPLY

Please enter your comment!
Please enter your name here