ဘဏ်များမှ ရောင်းချပေးသည့် ဒေါ်လာများအား ဝယ်ယူသူတို့ သုံးစွဲခြင်း ဟုတ်မဟုတ် စိစစ်ရန်ရှိနေ

0
420

ဘဏ်များမှ ရောင်းချပေးသည့် ဒေါ်လာများအား ဝယ်ယူသူတို့ သုံးစွဲခြင်း ဟုတ်မဟုတ် စိစစ်ရန်ရှိနေ

Unicode

နေပြည်တော် ၊အောက်တိုဘာ ၁၀ရက်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ အဝင်/အထွက်စာရင်းများအား အခြေခံ၍ လွှဲပြောင်းပေးချေမှုများအား စိစစ်သွားရန်ရှိနေကာ မလိုလားအပ်သော လွှဲပြောင်းပေးချေမှုများအား စိစစ်မည်ဟုသိရသည်။

အောက်တိုဘာ ၇ရက်က ဗဟိုဘစ်တွင် ကျင်းပသော ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေးဗဟိုကော်မတီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့ တို့၏ အစည်းအဝေးအရသိရသည်။

နိုင်ငံခြားငွေ အဝင်/အထွက် စာရင်းများအား အခြေခံ၍ လွှဲပြောင်းပေးချေမှုများအား စိစစ်သွားမည့်အပြင် ဘဏ်များမှရောင်းချပေးသည့် ဒေါ်လာများအား ဝယ်ယူသူတို့ သုံးစွဲခြင်းဟုတ်မဟုတ် စိစစ်ရန်ရှိနေသည်။

မည်ကဲ့သို့ စိစစ်မည်ကို အသေးစိတ်မသိရသေးပေ။

ဗဟိုဘဏ်သည် နိုင်ငံခြားငွေဈေးပြိုင် လေလံဖြင့် နိုင်ငံခြားငွေဒေါ်လာအား ပြင်ပပေါက်ဈေးထက် နည်းပါးသည့် ဈေးနှုန်းတစ်ရပ်ဖြင့် ရောင်းချ ပေးနေရာ အမေရိကန်ဒေါ်လာသန်း၂၀၀နီးပါးရှိနေသည်။

ယင်းအပြင် စက်သုံးဆီ၊ဆေးနှင့်စားသုံးဆီအသင်းများကိုလည်း ဒေါ်လာသန်း၁၀၀နီးပါးအထိ ရောင်းချပေးမှုရှိနေသည်။

Zaw Gyi

ဘဏ္မ်ားမွ ေရာင္းခ်ေပးသည့္ ေဒၚလာမ်ားအား ဝယ္ယူသူတို႔ သုံးစြဲျခင္း ဟုတ္မဟုတ္ စိစစ္ရန္ရွိေန

ေနျပည္ေတာ္ ၊ေအာက္တိုဘာ ၁၀ရက္

ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ႏိုင္ငံျခားေငြ အဝင္/အထြက္စာရင္းမ်ားအား အေျခခံ၍ လႊဲေျပာင္းေပးေခ်မႈမ်ားအား စိစစ္သြားရန္ရွိေနကာ မလိုလားအပ္ေသာ လႊဲေျပာင္းေပးေခ်မႈမ်ားအား စိစစ္မည္ဟုသိရသည္။

ေအာက္တိုဘာ ၇ရက္က ဗဟိုဘစ္တြင္ က်င္းပေသာ ကုန္သြယ္မႈႏွင့္ကုန္စည္စီးဆင္းမႈမ်ား မွန္ကန္ျမန္ဆန္ ေစေရးဗဟိုေကာ္မတီ၊ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၊ အထူး စုံစမ္းစစ္ေဆးေရးဦးစီးဌာနႏွင့္ ေငြေၾကးဆိုင္ရာ စုံစမ္းေထာက္လွမ္းေရးအဖြဲ႕တို႔ တို႔၏ အစည္းအေဝးအရသိရသည္။

ႏိုင္ငံျခားေငြ အဝင္/အထြက္ စာရင္းမ်ားအား အေျခခံ၍ လႊဲေျပာင္းေပးေခ်မႈမ်ားအား စိစစ္သြားမည့္အျပင္ ဘဏ္မ်ားမွေရာင္းခ်ေပးသည့္ ေဒၚလာမ်ားအား ဝယ္ယူသူတို႔ သုံးစြဲျခင္းဟုတ္မဟုတ္ စိစစ္ရန္ရွိေနသည္။

မည္ကဲ့သို႔ စိစစ္မည္ကို အေသးစိတ္မသိရေသးေပ။

ဗဟိုဘဏ္သည္ ႏိုင္ငံျခားေငြေဈးၿပိဳင္ေလလံျဖင့္ ႏိုင္ငံျခားေငြေဒၚလာအား ျပင္ပေပါက္ေဈးထက္ နည္းပါးသည့္ ေဈးႏႈန္းတစ္ရပ္ျဖင့္ ေရာင္းခ်ေပးေနရာ အေမရိကန္ေဒၚလာသန္း၂၀၀နီးပါးရွိေနသည္။

ယင္းအျပင္ စက္သုံးဆီ၊ေဆးႏွင့္စားသုံးဆီအသင္းမ်ားကိုလည္း ေဒၚလာသန္း၁၀၀နီးပါးအထိ ေရာင္းခ်ေပးမႈရွိေနသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here