အနှေးယာဉ် ဆိုက်ကား ဆရာတွေ အတွက် ဆန်၊ ဆီ၊ ငွေကြေးတွေ လှူဒါန်းပေးခဲ့တဲ့ ဒေါ်သီသီဝင်း တို့မိသားစု

0
218

အနှေးယာဉ် ဆိုက်ကားဆရာတွေ အတွက် ဆန်၊ဆီ၊ငွေကြေးတွေ လှူဒါန်းပေးခဲ့တဲ့ ဒေါ်သီသီဝင်းတို့မိသားစု

Unicode

သရုပ်ဆောင်စည်ဖြိုး ရဲ့မိခင် ဒေါ်သီသီဝင်းတို့မိသားစုဟာ ဒီကနေ့အောက်တိုဘာလ ၁၀ရက်နေ့မှာ ကွယ်လွန်သူ ဗေဒင်ဆရာမ ဒေါ်ဆွေဆွေဝင်း (E.T)အား ရည်စူးပြီး သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ အနှေးယာဉ် ဆိုက်ကားဆရာ အယောက်၃၀၀ကျော် အတွက် ဆန်၊ဆီ ၊ငွေကြေးများ လှူဒါန်းပေးခဲ့ပါတယ်။

ကိုဗစ်ကာလတွေမှာ အလှူအတန်းတွေ လုပ်ဖြစ်တဲ့ အကြောင်းကို ဒေါ်သီသီဝင်းက အခုလိုပဲပြောပြခဲ့ပါတယ်။

” အန်တီဒီနေ့အလှူလေးကတော့ လမ်းထဲမှာရှိတဲ့ ဆိုက်ကားဆရာတွေကို လှူပေးဖြစ်တယ်။ အန်တီတို့ဒီကာလတွေမှာ မရှိတဲ့သူတွေကို လှူရမယ်။ အန်တီတို့လဲ အရမ်းကြီး ရှိနေတာ မဟုတ်ပေမယ့် ကိုယ်တက်နိုင်သလောက်လေးတော့ အကုန်လုံးကို ကူညီပေးချင်တယ်။ အခုဒီနေ့ ဆိုလည်း အနှေးယာဉ်ဆိုက်ကားဆရာတွေကို လှူပေးဖြစ်တယ်။ အခုလိုကာလမှာ ခက်ခဲတဲ့သူတွေ များတော့ အကုန်လုံးကို လည်း ပြန်အဆင်ပြေချင်နေပါပြီ” လို့ရေးသားထားပါတယ်။

Zaw Gyi





 


LEAVE A REPLY

Please enter your comment!
Please enter your name here