နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ကိုဗစ်ကြောင့် ဆေးရုံတက်လူနာ သုံးရာကျော်သာကျန်ရှိ

0
195

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ကိုဗစ်ကြောင့် ဆေးရုံတက်လူနာ သုံးရာကျော်သာကျန်ရှိ

နေပြည်တော်၊ အောက်တိုဘာ ၁၁။

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားသူအရေအတွက် (၁၅၀၀၀)နီးပါးရှိခဲ့သော်လည်း လက်ရှိဆေးရုံတက်ရောက်နေသူ လူနာအရေအတွက်မှာ (၃၂၂)ဦးသာ ကျန်ရှိတော့တယ်လို့ နေပြည်တော်ကောင်စီမှသိရပါတယ်။

ကိုဗစ် တတိယလှိုင်းအတွင်းမှာ ကူးစက်ခံရမှု မြင့်တဲ့ခဲ့တဲ့ နေပြည်တော်ကောင်စီ ကို အစိုးရက ထိရောက်တဲ့ ထိန်းချုပ်မှုတွေပြုလုပ်ခဲ့ပြီး ကူးစက်နှုန်းလျော့ကျစေရန်ဆောင်ရွက်ခဲ့တာကိုလည်းတွေ့ရပါတယ်။
နေပြည်တော်မှာ ဒီကနေ့အထိ ကိုဗစ်ကူးစက်ခဲ့ရသူ စုစုပေါင်း ငါးရာကျော်သေဆုံးခဲ့ရပြီး ပြန်လည်သက်သာလာသူ အရေအတွက်က (၁၄၀၀၀)နီးပါးရှိခဲ့ပါတယ်။

လက်ရှိမှာတော့ဆေးရုံမှာကုသနေသူ သုံးရာကျော်သာကျန်ရှိတော့ပြီး နေပြည်တော်အဝင်ကို ဆက်လက်တင်းကြပ်ထားတာကိုလည်း တွေ့ရပါတယ်။

Stay at home မြို့တွေကနေ နေပြည်တော်ကိုဝင်လာရင် မဖြစ်မနေ ကွာရာတင်း ဝင်ရမယ်လို့ သတ်မှတ်ထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here