ဒလနှင့်ဆိပ်ကြီးခနောင်တို မှအပ ကျန်ရန်ကုန်တိုင်းအတွင်းရှိ(၃၁)မြို့နယ်ကို လူငါးဦးထက်ပိုမစုရ အမိန့်ထုတ်

0
416

ဒလနှင့်ဆိပ်ကြီးခနောင်တို မှအပ ကျန်ရန်ကုန်တိုင်းအတွင်းရှိ(၃၁)မြို့နယ်ကို လူငါးဦးထက်ပိုမစုရ အမိန့်ထုတ်

‌ရန်ကုန် အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူအချို့အနေနဲ့ အများပြည်သူတို့ရဲ့လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ထိခိုက်အောင်ဆောင်ရွက်နေတယ်လို့ ယူဆပြီး စည်ပင်ပင်သာယာနယ်နမိတ်အတွင်းက မြို့နယ် (၃၃)မြို့နယ်အနက် ဒလနဲ့ဆိပ်ကြီးခနောင်တို က လွဲပြီး ကျန်(၃၁)မြို့နယ်မှာ လူငါးဦးထက်ပိုမစုရ အမိန့်ကို တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီအမိန့်ထုတ်ပြန်ချက်ကို ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာဖြစ်ပြီး တခြားအမိန့်တစုံတရာ မရမချင်း အတည်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီအမိန့်ထဲမှာ လမ်းမကြီး၊လမ်းသွယ်လမ်းကြား၊လူအများနဲ့သက်ဆိုင်တဲ့နေရာ အပါအဝင်ဥယျာဉ်စတဲ့‌ ‌ နေရာ‌တွေမှာ လူငါးဦးထက် ပိုမစုဖို့ နဲ့ ညဆယ်နာရီကနေမနက်လေးနာရီအတွင်း အပြင်မထွက်ဖို့ကိုလည်း ဖော်ပြထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here