မလှိုင်ထွေအုပ်ရုံးအနီး ပတ်ခတ်မှုဖြစ်၊ မြို့နယ်ကောင်စီဝင်သေဆုံးသွား

0
197

မလှိုင်ထွေအုပ်ရုံးအနီး ပတ်ခတ်မှုဖြစ်၊ မြို့နယ်ကောင်စီဝင်သေဆုံးသွား

Unicode

မိတ္ထီလာခရိုင် မလှိုင်မြို့က မြို့နယ်ထွေအုပ်ရုံးအနီးမှာ ဒီကနေ့မနက် ၈နာရီဝန်းကျင်ခန့်က ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် မြို့နယ်ကောင်စီဝင် တစ်ဦးသေဆုံးသွားပြီး ဒဏ်ရာရသူ ၂ဦးထက်မနည်းရှိခဲ့ပါတယ်။

ထွေအုပ်ရုံးနားက မုန့်ဟင်းခါးဆိုင်ထဲ မုန့်ဝင်စားစဉ် သေနတ်နဲ့အပစ်ခံခဲ့ရတာဖြစ်ပြီး ဦးကျော်ငြိမ်းဆိုသူ သေဆုံးသွားခဲ့တာပါ။

သေနတ်၈ချက်ထက်မနည်း ကြားခဲ့ရတယ်လို့ အနီးနေသူအချို့က ပြောပြကြပါတယ်။

လက်ရှိမှာတော့ မလှိုင်မှာ စစ်ဆေးရေးတင်းကြပ်နေတယ်လို့ ဒေသခံအချို့က ပြောကြပါတယ်။

Zaw Gyi







LEAVE A REPLY

Please enter your comment!
Please enter your name here