ထိုင်ဝမ်သည်တရုတ်၏ဖိအားပေးမှုကို ဦး ညွှတ်မည်မဟုတ်

0
154

ထိုင်ဝမ်သည်တရုတ်၏ဖိအားပေးမှုကို ဦး ညွှတ်မည်မဟုတ်

ထိုင်ဝမ်ကိုတရုတ်နှင့်ပြန်လည်ပေါင်းစည်းရေးအတွက်တရုတ်သမ္မတ ရှီ ကတောင်းဆိုခဲ့ပြီးနောက် ထိုင်ဝမ်သမ္မတ အပျိုကြီး ဆိုင်အင်(ဂ်)ဝမ် ကထိုင်ဝမ်သည်တရုတ်၏ဖိအားပေးမှုကို ဦးညွှတ်မည်မဟုတ်ကြောင်းပြောကြားလိုက်သည်

တရုတ်သမ္မတရှီကျင့်ဖျင်ကဒီမိုကရက်တစ် ထိုင်ဝမ်ကျွန်းကိုဘေဂျင်းရဲ့ထိန်းချုပ်မှုအောက်ရောက်ဖို့ကြိုးစား‌လာတဲ့နောက်ပိုင်းမှာ ထိုင်ဝမ်ဟာသူ့ရဲ့အချုပ်အခြာအာဏာကိုစွန့်လွှတ်မှာမဟုတ်ဘူးလို့ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကပြောလိုက်ခြင်းဖြစ်ပါတယ်။

“တရုတ်ကငါတို့ကို ဖိအားပို‌ပေးလေ ငါတို့ဒီ့ထက်ပိုအောင်မြင်လေပဲ” ဟုတိုင်ပေ သမ္မတ ဆိုင် ကလူထုအား အမျိုးသားနေ့က ပြောကြားခဲ့သည်။
” ရေလက်ကြားဖြတ်သန်းသွားလာ‌ရေးကိုဖြေလျှော့ဖို့မျှော်လင့်ကြောင်း၊ ထိုင်ဝမ်ပြည်သူတွေဟာဖိအားတွေကိုကြောက်မှာမဟုတ်ကြောင်း”သူမက ထပ်လောင်းပြောကြားခဲ့သည်။

ထိုင်ဝမ်သည်တရုတ်၏ခြိမ်းခြောက် ဖိအားပေးမှုနှင့်ရင်ဆိုင်နေရသော်လည်း ထိုက်ဝမ်၏မိတ်ဖက်ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံကြီးများက ဘေဂျင်း၏အာဏာရှင်ချဲ့ထွင်မှု ကိုရှေ့တန်းကနေ သတိထားစောင့်ကြည့်နေကြတာဖြစ်ကြောင်း”ကို ဆိုင် ကဟောင်ကောင်တွင် ဖြစ်ပေါ်နေသောဒီမိုကရေစီနှင့်နိုင်ငံသားလွတ်လပ်ခွင့် ကိုတရုတ်မှနှောင့်ယှက်နေမှုများ ကိုထောက်ပြရင်း ပြောကြားခဲ့သည်။

တိုင်ပေ သမ္မတ က ထိုသို့ပြောအပြီးမှာပဲ တရုတ်တိုင်ပေရေးရာရုံးက ဆိုင် ၏မိန့်ခွန်းကထိပ်တိုက်ရင်ဆိုင်မှုကိုဖြစ်စေခြင်း၊ အချက်အလက်လွဲမှားစေခြင်း တို့ကိုဖြစ်စေနိုင်သည်ဟု ရိုက်တာ သတင်းဌာန သို့ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

တရုတ်၏အာဏာရကွန်မြူနစ်ပါတီသည် အောက်တိုဘာလပထမလေးရက်အတွင်းတွင်ထိုင်ဝမ်၏လေကြောင်းကာကွယ်ရေးသတ်မှတ်ဧရိယာသို့လေကြောင်းကျူးကျော်မှုအကြိမ် ၁၅၀ နီးပါးပျံသန်းခြင်းဖြင့်ပေကျင်းကဖိအားပေးခဲ့သည်။

တရုတ်စစ်တပ်ကတနင်္လာနေ့တွင်ထိုင်ဝမ် ပင်လယ် နှင့်ကပ်ရပ်က ပြည်နယ်ကမ်းခြေ၌ စစ်ရေးလေ့ကျင့်ခြင်းနှင့်ချေမှုန်းရေးလေ့ကျင့်ခြင်းများပြုလုပ်ခဲ့သည်။ထိုသို့ပြုလုပ်‌နေခြင်းသည် လက်ရှိဖြစ်ပေါ်နေသောတင်းမာမှုများနှင့်မပတ်သက် ဟု တရုတ်ဖက်ကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here