မြိတ်လေတပ်စခန်းချုပ်မှ လက်တွေ့ပစ်ပစ်ခတ်မှုများ လေ့ကျင့်မည်ဖြစ်သဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ရေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ ရေကြောင်းသတိပေးချက်ထုတ်ပြန်

0
336

မြိတ်လေတပ်စခန်းချုပ်မှ လက်တွေ့ပစ်ပစ်ခတ်မှုများ လေ့ကျင့်မည်ဖြစ်သဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ရေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ ရေကြောင်းသတိပေးချက်ထုတ်ပြန်

မြိတ်လေတပ်စခန်းဌာနချုပ်မှအောက်တိုဘာလ ၁၁-၁၂ နှင့် အရန်ရက် ၁၃-၁၅ ရက်နေ့တို့တွင် ကုလားကျွန်းနှင့် ကျွန်းဆင်းရဲတို့အကြား နံနက် ၈နာရီမှ နေ့လည် ၃နာရီခွဲ အချိန်ထိ ဝေဟင်-မြေပြင် လက်တွေ့ပစ်ခတ်မှုများအား လေ့ကျင့်ပစ်ခတ်မှုများကို ပြုလုပ်မည် ဖြစ်ကြောင်း သိရပါသည်။

ထို့ကြောင့် ကုလားကျွန်းနှင့် ကျွန်းဆင်းရဲတို့ကြားတွင် ရေယာဉ်များ လုံးဝဖြတ်သန်းခွင့် မပြုရန်ကိုလည်း အသိပေးကြေငြာထားပါသည်။

ဒါ့အပြင် မြိတ်မှထွက်ခွါမည့် ရေယာဉ်များ ကော့မွှေးကျွန်းကို လက်ဝဲဘက်ရေမိုင်(၁)မိုင်အကွာမှ ဖြတ်သန်းသွားလာရန်၊ကျွန်းစုမှ ထွက် ခွါမည့် ရေယာဉ်များ ကော့မွှေးကျွန်းကို လက် ယာဘက်ရေမိုင်(၁)မိုင်အကွာမှ ဖြတ်သန်းသွားလာရန်တို့ကိုလည်း အသိပေးထားပါသည်။

ရေယာဉ်ကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ငါးဖမ်းသင်္ဘောများ၊ အပျော်စီးခရီးသွားလှေများ၊စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ကျောက်ချရပ်နားခြင်း၊ငါးဖမ်းဆီးခြင်း၊ငါးဖမ်းကိရိယာများနှင့် အထောက်အကူပြု ပစ္စည်းများချထားခြင်းမပြုကြရန်လည်း အသိပေးထားပြီး အဆိုပါ ဧရိယာအနီးမှ လွတ်ကင်းစွာ သတိပြုမောင်းနှင်သွားကြရန်လည်း တနင်္သာရီတိုင်းဒေသကြီး၊ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အသိပေး နှိုးဆော်ထားပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here