ရန်ကုန် သိမ်ဖြူမီးပွိုင့်တွင် မီးရထားဝန်ထမ်းတစ်ဦး သေနတ်ပစ်ခတ်ခံရပြီးသေဆုံး

0
552

ရန်ကုန် သိမ်ဖြူမီးပွိုင့်တွင် မီးရထားဝန်ထမ်းတစ်ဦး သေနတ်ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊အောက်တိုဘာ ၁၃ရက်

ရန်ကုန် မင်္ဂလာတောင်ညွှန့် မီးရထားရပ်ကွက် ဗိုလ်မင်းရောင်လမ်း၊ သိမ်ဖြူမီးပွိုင့်တွင် ယနေ့မနက်၉နာရီအချိန်က မီးရထားဝန်ထမ်းတစ်ဦးသေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့သည်။

သေနတ်သမားတစ်ဦးက ပစ်ခတ်သွားသည်ဟု ကနဦးသတင်းများအရသိရသည်။

၎င်းသည် ရန်ကုန်ဘူတာကြီးမှ ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့မီးရထားတိုင်း (၆) ရုံးသို့မော်တော်ယာဉ်ဖြင့်သွားရောက်စဉ် သိမ်ဖြူမီးပွိုင့်အရောက်တွင် စီစစ်ဆဲယာဉ်ပေါ်မှလူတစ်ဦးဆင်းလာပြီးသေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အတွက် ရင်ဘတ်တွင်ကျည်ထိဒဏ်ရာသုံးချက်ဖြင့် အခင်းဖြစ်နေရာတွင်ပင်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသူမှာ မြန်မာ့မီးရထား၏ သတင်းနှင့် ပြန်ကြားရေးဌာနမှဦးထိန်ဝင်း (ခေါ်) ရန်ကင်းမောင်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here