ထိုင်ဝမ်တပ်မတော်မှထိပ်တန်းအရာရှိအချို့ အမေရိကန်သို့ရောက်ရှိပြီး အစည်းဝေးများပြုလုပ်နေ

0
308

ထိုင်ဝမ်တပ်မတော်မှထိပ်တန်းအရာရှိအချို့ အမေရိကန်သို့ရောက်ရှိပြီး အစည်းဝေးများပြုလုပ်နေ

ထိုင်ဝမ်တပ်မတော်တပ်မူးကြီး Hsu Yen-pu ဦး ဆောင်သောကိုယ်စားလှယ်အဖွဲ့သည်အဆင့်မြင့်စစ်ဖက်ဖလှယ်မှုများပြုလုပ်ရန်အမေရိကန်သို့အလည်အပတ်ရောက်ရှိနေသည်။

ကိုယ်စားလှယ်အဖွဲ့တွင်ဗိုလ်ချုပ်တစ်ဦး၊ဗိုလ်မှူးချုပ်နှစ်ဦး နှင့်တပ်မတော်၌ထောက်လှမ်းရေး၊ လေ့ကျင့်ရေးနှင့်အခြားဌာနများမှဗိုလ်မှူးကြီး ၅ ဦး တို့ပါဝင်သည်။

ထိုအရာရှိများသည် စနေနေ့ (အောက်တိုဘာ ၉ ရက်)တွင် ဝါရှင်တန်ဒီစီ သို့သွားရောက်ပြီး အမေရိကန်တပ်မတော် (AUSA) နှစ်ပတ်လည်အစည်းအဝေးနှင့်ပြပွဲ ၂၀၂၁ သို့တက်ရောက်မည်ဟု UDN က‌ဖေါ်ပြ‌ထား သည်။

ထိုင်ဝမ်တပ်မတော်ကိုယ်စားလှယ် များသည်အမေရိကားသို့ရောက်ရှိ စဉ်ကာလအတွင်းပင်တဂွန်မှအရာရှိများနှင့်တွေ့ဆုံဖို့ရှိသည်။ ထို့နောက်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကိုဟာဝိုင်ယီ တွင်သွားရောက်ဆွေးနွေးကြမည်။

အောက်တိုဘာ ၁ ရက်ကတည်းကထိုင်ဝမ်၏လေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့မကြုံစဖူးကြီးမားသည့်တရုတ်တိုက်လေယာဉ်များ ဝင်ရောက်ကျူးကျော်မှုကြောင့်တင်းမာမှုမြင့်တက်နေစဉ်တွင်ယခု ခရီးစဉ်‌ပေါ် လာခြင်းဖြစ်သည်။

အောက်တိုဘာ ၇ ရက်ကအမေရိကန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ ဝင်များနှင့်ထိုင်ဝမ်တပ်ဖွဲ့များစစ်‌ရေး လေ့ကျင့်မှုများပြုလုပ်နေပြီဆိုသော ကိစ္စနှင့် ပတ်သက်၍နှစ်ဖက်လုံးကသဘောထား မှတ်ချက်ပေးရန်ငြင်းဆိုခဲ့ပြီးပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ John Supple က ထိုင်ဝမ်အပေါ်အမေရိကန်၏ထောက်ခံမှုကိုသာထပ်လောင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here