Green Noble Club ရဲ့ အဖွဲ့ဝင် အသစ်တွေ ဖြစ်လာတဲ့ Jimin, Chugha, Kim Soo Yeon နဲ့ Lee Song Woo

0
498

Green Noble Club ရဲ့ အဖွဲ့ဝင် အသစ်တွေ ဖြစ်လာတဲ့ Jimin, Chugha, Kim Soo Yeon နဲ့ Lee Song Woo

 

Unicode

BTS အဖွဲ့ဝင် Jimin, အဆိုတော် Chungha ၊ သရုပ်ဆောင် စုံတွဲဖြစ်တဲ့ Kim So Yeon နဲ့ Lee Sang Woo တို့ဟာ ကလေး သူငယ်ကာကွယ် စောင့်ရှောက်ရေးကိုထောက်ခံတဲ့ အဖွဲ့အစည်း Green Noble Club ရဲ့အဖွဲ့ဝင်အသစ်တွေဖြစ် လာပါတယ်။

သူတို့အားလုံးဟာ Green Noble Club မှာ အနည်းဆုံး ဝမ်သန်း ၁၀၀ခန့်( အမေရိကန်ဒေါ် လာ ၈၃,၇၀၀)ခန့် လှူဒါန်းခဲ့ကြသူတွေပါ။

အောင်မြင်တဲ့ အနုပညာရှင်တွေ ဖြစ်တဲ့ မင်းသ မီး Kim Yoo Jung, မင်းသား Song II Gook ၊TVXQ အဖွဲ့ဝင် Changmin နဲ့ BTS အဖွဲ့ဝင်
J-Hope တို့ဟာလည်း Green Noble Club ရဲ့ အဖွဲ့ဝင်ဟောင်းတွေဖြစ်ပါတယ်။

BTS အဖွဲ့ဝင် Jimin ဟာ သူ့ရဲ့မွေးနေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၃ရက်နေ့မှာ Green Noble Club ကို ဝမ်သန်း ၁၀၀ ကျော် လှုဒါန်းခဲ့ကြောင်း အဖွဲ့အစည်းက ပြောဆိုထားပြီး ပမာဏအတိအကျကိုတော့ ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပါဘူး။

Green Nobel Club ဟာ ဒီနှစ်မှာ Jimin တို့ Kim So Yeon တို့လို အောင်မြင်တဲ့ အနုပညာရှင်တွေ အပါအဝင် အဖွဲ့ဝင်ပေါင်း ၃၀၀ ကျော်ရှိသွားပြီလို့လည်း အဖွဲ့အစည်းက ထုတ်ပြန်ထားပါ တယ်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here