စစ်တွေ ပွိုင့်ကမ်းခြေ ကို ပြန်ဖွင့်ပေးမည်

0
843

စစ်တွေ ပွိုင့်ကမ်းခြေ ကို ပြန်ဖွင့်ပေးမည်

စစ်တွေ၊အောက်တိုဘာ ၁၄ရက်

ကိုဗစ်ကြောင့် အသွားအလာကန့်သတ်ထားတဲ့ စစ်တွေ ပွိုင့်ကမ်းခြေ နဲ့ ရှုခင်းသာလမ်းတစ်လျှောက်ကို လာမယ့် သီတင်းကျွတ် ရုံးပိတ်ရက်ကစပြီး ပြန်ဖွင့်ပေးဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
အစမ်းသဘောပြန်ဖွင့်ပေးတာဖြစ်ပြီး ကိုဗစ်စည်းကမ်းနဲ့ အညီဖွင့်လှစ်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ရခိုင်ပြည်နယ်စစ်တွေမြို့ဟာ ကိုဗစ်တတိယလှိုင်းအတွင်း အောက်တိုဘာလ ၁၃ရက်အထိ ကိုဗစ်ကူးစက်ခံရသူ ၆၁၄ဦးရှိခဲ့ပြီး၊ဆေးရုံဆင်းသွားသူ ၅၃၇ဦးရှိခဲ့ပါတယ်။

သေဆုံးခဲ့ရသူဦးရေက ၇၃ဦးဖြစ်ပြီး လက်ရှိမှာ ကုသမှုခံယူနေရသူ ၄ဦးရှိနေပါတယ်။

ကိုဗစ်ကူးစက်မှုက လျှော့ကျနေတယ်လို့ ပြောလို့ရတယ်လို့ စစ်တွေဒေသခံတစ်ဦးကပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here