PN | ယခု မီနီဘတ်ဂျတ်ကာလ အတွင်း မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်အရ မက္ကဒေးမီးယားစိုက် တောင်သူများကို မက္ကဒေးမီးယား အခွံခွာစက်များ ထောက်ပံ့ပေးမည်

0
529

ယခု မီနီဘတ်ဂျတ်ကာလ အတွင်း မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်အရ မက္ကဒေးမီးယားစိုက် တောင်သူများကို မက္ကဒေးမီးယား အခွံခွာစက်များ ထောက်ပံ့ပေးမည်

Unicode

နေပြည်တော် ၊ အောက်တိုဘာ ၁၄

ယခု မီနီဘတ်ဂျတ်ခြောက်လတာ ကာလအတွင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ နိုင်ငံအတွင်းရှိ မက္ကဒေးမီးယား စိုက်တောင်သူ များကို မက္ကဒေးမီးယားသီးများကို လက်ဖြင့် အခွံခွာ၍ရသည့်စက်များ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန(ရုံးချုပ်)၊ နှစ်ရှည်သီးနှံဌာနခွဲမှ သိရသည်။

ဈေးကွက်ခိုင်မာပြီး ဈေးကောင်းရရှိသည့် မက္ကဒေးမီးယား နှစ်ရှည်သီးနှံကို မြန်မာနိုင်ငံတွင် စိုက်ပျိုးမှု များပြားလျက်ရှိပြီး လက်ရှိတွင် နိုင်ငံတစ်ဝန်းဧက ၁၂၀၀၀ ကျော်ထိ စိုက်ပျိုးမှုများ ရှိထားပြီး အများဆုံးအနေဖြင့် ရှမ်းပြည်မြောက်ပိုင်းဒေသတွင် အများဆုံး စိုက်ပျိုး လျက်ရှိကြောင်း၊ ထိုသို့ စိုက်ပျိုးမှုများလာသည့် နှစ်ရှည်သီးနှံမက္ကဒေးမီးယားစိုက် တောင်သူများ အတွက် မက္ကဒေးမီးယား သီးနှံပေါ်ချိန်တွင် အဆိုပါအသီး၏ အခွံစိမ်း များကို အလွယ်တကူခွာနိုင်မည့် လက်ဖြင့် အခွံခွာရသည့် စက်များကို တောင်သူများထံ မကြာမီ သင်တန်းများ ပေးကာ ထောက်ပံ့ပေးသွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

“ဒီမီနီဘတ်ဂျတ်မှာတော့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် အရ လက်နဲ့ မက္ကဒေးမီးယား အခွံစိမ်းတွေခွာလိုရတဲ့ စက်တွေကို မက္ကဒေးမီးယားစိုက်တောင်သူတွေကို ထောက်ပံ့ပေးသွား ဖို စီစဉ်နေပါတယ်။ အဓိကကတော့ တောင်သူငယ်တွေကို ပဲဖြစ်ဖို့ များပါတယ်။ တောင်သူတွေကို သင်တန်းပေးမှာ၊ အဲ့လိုသင်တန်းပေးတဲ့ဆီကို လာတက်တဲ့တောင်သူတွေကို ပေးမှာပါ။ ကုမ္ပဏီတွေအနေနဲ့ သူတို့က အရင်ကတည်းက နည်းပညာပိုင်းက တောင်သူငယ်တွေထက် ပိုပြီးသာပြီးသားပါ” ဟု အဆိုပါနှစ်ရှည်သီးနှံဌာခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မက္ကဒေးမီးယားနှစ်ရှည် သီးနှံအများဆုံးစိုက်ပျိုးသည့်ဒေသများမှာ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သည့် နောင်ချို၊ တန့်ယန်းဒေသတွင် အများဆုံး စိုက်ပျိုးလျက်ရှိပြီး ရှမ်းပြည်တောင်ပိုင်း၊ ပြင်ဦးလွင်ဒေသ အစရှိသည့်ဒေသများတွင်လည်း စိုက်ပျိုးမှု များပြားကြောင်း၊ အဆိုပါ စက်များကို တောင်သူငယ်များ ရှိသည့်ဒေသများတွင် အဓိက သွားရောက်၍ သင်တန်းများပေးပြီး အခွံခွာစက် များကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Zaw Gyi

ယခု မီနီဘတ္ဂ်တ္ကာလ အတြင္း မဲေခါင္-လန္ခ်န္း ပူးေပါင္း ေဆာင္႐ြက္ေရး အစီအစဥ္အရ မကၠေဒးမီးယားစိုက္ ေတာင္သူမ်ားကို မကၠေဒးမီးယား အခြံခြာစက္မ်ား ေထာက္ပံ့ေပးမည္

ေနျပည္ေတာ္ ၊ ေအာက္တိုဘာ ၁၄

ယခုမီနီဘတ္ဂ်တ္ေျခာက္လတာ ကာလအတြင္း မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈ အစီအစဥ္အရ ႏိုင္ငံအတြင္းရွိ မကၠေဒးမီးယား စိုက္ေတာင္သူ မ်ားကို မကၠေဒးမီးယားသီးမ်ားကို လက္ျဖင့္ အခြံခြာ၍ရသည့္စက္မ်ား ေထာက္ပံ့ေပးသြားမည္ ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး ဦးစီးဌာန(႐ုံးခ်ဳပ္)၊ ႏွစ္ရွည္သီးႏွံဌာနခြဲမွ သိရသည္။

ေဈးကြက္ခိုင္မာၿပီး ေဈးေကာင္းရရွိသည့္ မကၠေဒးမီးယား ႏွစ္ရွည္သီးႏွံကို ျမန္မာႏိုင္ငံတြင္ စိုက္ပ်ိဳးမႈ မ်ားျပားလ်က္ရွိၿပီး လက္ရွိတြင္ ႏိုင္ငံတစ္ဝန္းဧက ၁၂၀၀၀ ေက်ာ္ထိ စိုက္ပ်ိဳးမႈမ်ား ရွိထားၿပီး အမ်ားဆုံးအေနျဖင့္ ရွမ္းျပည္ေျမာက္ပိုင္းေဒသတြင္ အမ်ားဆုံး စိုက္ပ်ိဳးလ်က္ရွိေၾကာင္း၊ ထိုသို႔ စိုက္ပ်ိဳးမႈမ်ားလာသည့္ ႏွစ္ရွည္သီးႏွံမကၠေဒးမီးယားစိုက္ ေတာင္သူမ်ား အတြက္ မကၠေဒးမီးယား သီးႏွံေပၚခ်ိန္တြင္ အဆိုပါအသီး၏ အခြံစိမ္း မ်ားကို အလြယ္တကူခြာႏိုင္မည့္ လက္ျဖင့္ အခြံခြာရသည့္ စက္မ်ားကို ေတာင္သူမ်ားထံ မၾကာမီ သင္တန္းမ်ားေပးကာ ေထာက္ပံ့ေပးသြားႏိုင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

“ဒီမီနီဘတ္ဂ်တ္မွာေတာ့ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္ေရးအစီအစဥ္ အရ လက္နဲ႔ မကၠေဒးမီးယား အခြံစိမ္းေတြခြာလိုရတဲ့ စက္ေတြကို မကၠေဒးမီးယားစိုက္ေတာင္သူေတြကို ေထာက္ပံ့ေပးသြား ဖို စီစဥ္ေနပါတယ္။ အဓိကကေတာ့ ေတာင္သူငယ္ေတြကို ပဲျဖစ္ဖို႔မ်ားပါတယ္။ ေတာင္သူေတြကို သင္တန္းေပးမွာ၊ အဲ့လိုသင္တန္းေပးတဲ့ဆီကို လာတက္တဲ့ေတာင္သူေတြကို ေပးမွာပါ။ ကုမၸဏီေတြအေနနဲ႔ သူတို႔ကအရင္ကတည္းက နည္းပညာပိုင္းက ေတာင္သူငယ္ေတြထက္ ပိုၿပီးသာၿပီးသားပါ” ဟု အဆိုပါႏွစ္ရွည္သီးႏွံဌာခြဲမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ျမန္မာႏိုင္ငံတြင္ မကၠေဒးမီးယားႏွစ္ရွည္ သီးႏွံအမ်ားဆုံးစိုက္ပ်ိဳးသည့္ေဒသမ်ားမွာ ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသမ်ားျဖစ္သည့္ ေနာင္ခ်ိဳ၊ တန႔္ယန္းေဒသတြင္ အမ်ားဆုံး စိုက္ပ်ိဳးလ်က္ရွိၿပီး ရွမ္းျပည္ေတာင္ပိုင္း၊ ျပင္ဦးလြင္ေဒသ အစရွိသည့္ေဒသမ်ားတြင္လည္း စိုက္ပ်ိဳးမႈ မ်ားျပားေၾကာင္း၊ အဆိုပါ စက္မ်ားကို ေတာင္သူငယ္မ်ား ရွိသည့္ေဒသမ်ားတြင္ အဓိက သြားေရာက္၍ သင္တန္းမ်ားေပးၿပီး အခြံခြာစက္ မ်ားကို ေထာက္ပံ့ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here