PN| တိုက်ပွဲကြောင့် နေရပ် စွန့်ခွာခဲ့ရသည့် ရှမ်းတောင်က ပြည်သူများအား UNHCR ထောက်ပံ့

0
229

“တိုက်ပွဲကြောင့် နေရပ် စွန့်ခွာခဲ့ရသည့် ရှမ်းတောင်က ပြည်သူများအား UNHCR ထောက်ပံ့”

Unicode

မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရသော ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်နှင့် လဲချားမြို့နယ်များက ဒေသခံပြည်သူ များအား UNHCR ကထောက်ပံ့မှုများ ပေးခဲ့သည်။

UNHCR သည် Relief International အဖွဲ့မှတဆင့် အစားအစာ မဟုတ်သည့် ပစ္စည်းများ ဖြန့်‌ဝေ‌ပေးခြင်း ဖြစ်သည်ဟု ပြောသည်။

နေရပ်စွန့်ခွာသူများ နေထိုင်ရာစခန်း ၁၉ခုရှိ မိသားစုပေါင်း ၇၅၅စုမှ လူပေါင်း ၂,၆၈၅ဦး တို့အတွက် စောင်များ၊ ခြင်ထောင်များ၊ ဖျာများ၊ ပလတ်စတစ် တာပေါ်လင်များ၊ ရေသိုလှောင်ပုံး၊ ပလတ်စတစ်ရေပုံး၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အစားများနှင့် မိသားစုသုံး ယာယီ တဲအိမ်များ အစရှိသည့် အစားအစာ မဟုတ်သည့် ပစ္စည်းအမျိုးမျိုးတို့အား ပြီးခဲ့သည့် စက်တင်ဘာလ နှောင်းပိုင်းကာလတွင် ဖြန့်‌ဝေ‌ပေး ခဲ့သည်ဟု UNHCR ကဆက်ပြောသည်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here