YBS ယာဉ်မောင်းတွေ ကာကွယ်ဆေးထိုးနှံ

0
209

YBS ယာဉ်မောင်းတွေ ကာကွယ်ဆေးထိုးနှံ

YBS ယာဉ်မောင်းတွေနဲ့ ကုမ္ပဏီတွေက ဝန် ထမ်းပေါင်း ၄၀၀၀ ကျော်ကို ကိုဗစ်၁၉ကာကွယ် ဆေးထိုးနှံပေးခဲ့တယ်လို့ YRTA မှ သိရပါတယ်။

Sinopharm ကာကွယ်ဆေးအမျိုးအစားကိုထိုးနှံပေးတာဖြစ်ပြီး ယာဉ်မောင်းတွေဟာ အများပြည်သူနဲ့အမြဲဆက်ဆံနေရသူတွေဖြစ်တာကြောင့် မဖြစ်မနေထိုးဖို့လိုတယ်လို့ YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မထိုးရသေးတဲ့သူတွေအနေနဲ့လည်း ကာကွယ် ဆေးထိုးပြီးမှသာ မောင်းနှင်ရင် ပိုကောင်းတယ်လို့လည်း ၎င်းကဆိုပါတယ်။

YBS ယာဉ်မောင်းတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကို အောက်တိုဘာလ ၁၃ရက်နေ့မှ ၁၆ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်


LEAVE A REPLY

Please enter your comment!
Please enter your name here