ထိုင်ဝမ်နိုင်ငံတွင် မီးလောင်ကျွမ်းမှုကြောင့် ၄၆ဦးသေဆုံး

0
240

ထိုင်ဝမ်နိုင်ငံတွင် မီးလောင်ကျွမ်းမှုကြောင့် ၄၆ဦးသေဆုံး

အောက်တိုဘာလ ၁၄ရက်နေ့မနက်ပိုင်းတွင် ထိုင်ဝမ်နိုင်ငံတောင်ပိုင်း Kaohsiung မြို့မှာ အဆောက်အဦးတစ်ခုမီးလောင်မှုဖြစ်ပွားခဲ့ပြီး ဈေးဝယ်စင်တာနဲ့ လူနေအိမ်များတွဲဖက်ဆောက်လုပ်ထားတဲ့အဆောက်အဦးတစ်ခုလို့သိရပါတယ်။

ထိုင်ဝမ်ပြည်တွင်းမီးသတ်ဌာနရဲ့ပြောပြချက်အရ သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၄၆ဦးအထိရှိနိုင်ပြီး ဒဏ်ရာရရှိသူ ၄၀ကျော်ရှိတယ်လို့ဆိုပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့အဆောက်အဦးမှာ နှစ်ပေါင်း ၄၀ကြာအဆောက်အဦးတစ်ခုဖြစ်ပြီး အောက်ပိုင်းတွင် ဈေးဝယ်စင်တာ၊ ရုပ်ရှင်ရုံစတာတွေပါဝင်ကာ အပေါ်ပိုင်းတွင် လူနေအိမ်ခန်းများပါရှိတဲ့အဆောက်အဦးတစ်ခုလို့သိရပါတယ်။

လက်ရှိမှာတော့ မီးစတင်လောင်ကျွမ်းခဲ့ရတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။

Source – NHK,CNA


LEAVE A REPLY

Please enter your comment!
Please enter your name here