အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအထူးကိုယ်စားလှယ်တို့ မြန်မာအရေးဆွေးနွေး

0
188

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအထူးကိုယ်စားလှယ်တို့ မြန်မာအရေးဆွေးနွေး

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကင်နဲ့ ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂) ဧရာဝဏ် ယူဆွတ်တို့ မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး ဒီနေ့ စကားပြောခဲ့တာမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု၊ ပိုမိုဆိုးရွားလာနေတဲ့ အကျပ်အတည်းနဲ့ပတ်သက်ပြီးစိုးရိမ်တဲ့အကြောင်းထုတ်ဖော်ပြောကြားကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့၊ ပါတီစုံဒီမိုကရေစီနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပြန်လည်ဖော်ဆောင်ဖို့ အရေးကြီးတဲ့အကြောင်းတွေကိုလည်း အထူးအလေးပေးဆွေးနွေးခဲ့ကြတာရှိသလို အာဆီယံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေးစတာတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။

နောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံမှုပါဝင်တဲ့ ဝန်ကြီးဧရာဝဏ်ယူဆွတ်ရဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ မြန်မာနိုင်ငံခရီးစဉ်အကောင်အထည်ဖော်ရေးအတွက် နစကကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့အတွက်လည်း ဝန်ကြီးတွေက ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here