ကာကွယ်ဆေး ထိုးထားသည့် အထောက်ထားကို ခရီးသွားရာတွင် အသုံးပြုရန် ပြုလုပ်ပုံ

0
779

ကာကွယ်ဆေးထိုးထားသည့် အထောက်ထားကို ခရီးသွားရာတွင် အသုံးပြုရန် ပြုလုပ်ပုံ

ကိုဗစ် ၁၉ကာကွယ်ဆေးတွေကို ကမ္ဘာအနှံ့ ထိုးနှံနေကြပြီးဖြစ်ရာ အချို့နိုင်ငံတွေမှာတော့ နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှုကို ပြန်လည် လက်ခံနေပြီဖြစ်ပါတယ်။

နိုင်ငံခြားသို့ ဆေးသွားကုလိုသူများ၊ အလုပ်ကိစ္စသွားရောက်လို သူများအနေနဲ့ ကာကွယ်ဆေး ၂ကြိမ်ထိုးထားပြီးသူ ဆိုရင်တော့ ကာကွယ်ဆေး အပြည့်ထိုးပြီးကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပေးထားတဲ့ လက်မှတ်ပါရမှာ ဖြစ်ပါတယ်။

 ကာကွယ်ဆိုထိုးပြီးကြောင်း လက်မှတ်ကို နိုတြီပြန်ပြီး ရန်ကုန်မြို့ စကားဝါလမ်းက နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ စာရွက်စာတမ်းတွေကို တုံး ထုရမှာဖြစ်ပါတယ်။

နိုင်ငံခြားရေး ရုံးကိုမသွားခင် ဦးစွာ မြန်မာ့စီးပွါးရေးဘဏ်-၅ မှာ ငွေအရင်သွင်းရပါမယ်။ တံဆိပ်တုံးထုမယ့် နိုတြီစာရွက်အလိုက် ငွေသွင်း ချလန်အရေအတွက်ကို တောင်းယူပြီး ငွေသွင်းရမှာ ဖြစ်ပါတယ်။

ချလန်တစောင်အတွက် ငွေ ၅၀၀ ကျပ်ပေးသွင်းရကြောင်းသိရပြီး ဥပမာ ကိုယ်က နိုတြီ ၄စောင် တုံးထုမယ်ဆိုရင်တော့ ချလန် ၄စောင်စာ ငွေ ၂ထောင်ကျပ်သွင်းရမှာဖြစ်ပါတယ်။

ချလန်ရပြီးမှသာ နိုင်ငံခြားရေးဝန်ကြီးဌာနကို သွားပြီး တံဆိပ်တုံးထုရမှာပါ။

နိုင်ငံခြားရေးဝန်ကြီးရုံးကို သွားတဲ့အခါမှာလည်း ဗီဇာတုံးပါတဲ့ ပတ်စ်ပို့၊ လေယာဉ်လက်မှတ် ၊သန်းခေါင်စာရင်း၊ မှတ်ပုံတင် စတာတွေ ယူ သွားဖို့ လိုတယ်လို့လည်း ၄င်း ခရီးသွားအေဂျင်စီက ပြောပြပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ တနင်္လာ၊ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာသာ တံဆိပ်တုံး ထုပေးတာဖြစ်တဲ့အတွက် ကြိုတင်စီစဉ်ဖို့ လိုတယ် လို့လည်း အေဂျင်စီက ပြောပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံ နှင့် ဒူဘိုင်းကို သွားကြတဲ့ ခရီးသွားတွေများကြောင်း သိရပါတယ်။

နိုင်ငံခြားခရီးသွားတွေအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ပေါ်လစီအရ အပြောင်းအလဲရှိနိုင်ပါတယ်။

Zaw Gyi

ကာကြယ္ေဆးထိုးထားသည့္ အေထာက္ထားကို ခရီးသြားရာတြင္ အသုံးျပဳရန္ ျပဳလုပ္ပုံ

ကိုဗစ္ ၁၉ကာကြယ္ေဆးေတြကို ကမာၻအႏွံ႔ထိုးႏွံေနၾကၿပီးျဖစ္ရာ အခ်ိဳ႕ႏိုင္ငံေတြမွာေတာ့ ႏိုင္ငံ ျခားသားဧည့္သည္ ဝင္ေရာက္မႈကို ျပန္လည္ လက္ခံေနၿပီျဖစ္ပါတယ္။ႏိုင္ငံျခားသို႔ ေဆးသြားကုလိုသူမ်ား၊အလုပ္ကိစၥသြားေရာက္လိုသူမ်ားအေနနဲ႔ ကာကြယ္ေဆး ၂ႀကိမ္ထိုးထားၿပီးသူဆိုရင္ေတာ့ ကာကြယ္ေဆးအျပည့္ထိုးၿပီးေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ေပးထားတဲ့လက္မွတ္ပါရမွာ ျဖစ္ပါတယ္။ ကာကြယ္ဆိုထိုးၿပီးေၾကာင္းလက္မွတ္ကို ႏိုႀတီျပန္ၿပီးရန္ကုန္ၿမိဳ႕ စကားဝါလမ္းက ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ စာ႐ြက္စာတမ္းေတြကို တုံးထုရမွာျဖစ္ပါတယ္။ႏိုင္ငံျခားေရး႐ုံးကိုမသြားခင္ ဦးစြာ ျမန္မာ့စီးပြါးေရးဘဏ္-၅ မွာ ေငြအရင္သြင္းရပါမယ္။တံဆိပ္တုံးထုမယ့္ ႏိုႀတီစာ႐ြက္အလိုက္ ေငြသြင္းခ်လန္အေရအတြက္ကို ေတာင္းယူၿပီး ေငြသြင္းရမွာ ျဖစ္ပါတယ္။ခ်လန္တေစာင္အတြက္ ေငြ ၅၀၀ က်ပ္ေပးသြင္းရေၾကာင္းသိရၿပီး ဥပမာ ကိုယ္က ႏိုႀတီ ၄ေစာင္ တုံးထုမယ္ဆိုရင္ေတာ့ ခ်လန္ ၄ေစာင္စာ ေငြ ၂ေထာင္က်ပ္သြင္းရမွာျဖစ္ပါတယ္။ခ်လန္ရၿပီးမွသာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကို သြားၿပီး တံဆိပ္တုံးထုရမွာပါ။ႏိုင္ငံျခားေရးဝန္ႀကီး႐ုံးကို သြားတဲ့အခါမွာလည္း ဗီဇာတုံးပါတဲ့ ပတ္စ္ပို႔၊ ေလယာဥ္လက္မွတ္ ၊သန္းေခါင္စာရင္း၊ မွတ္ပုံတင္ စတာေတြ ယူ သြားဖို႔လိုတယ္လို႔လည္း ၄င္း ခရီးသြားေအဂ်င္စီက ေျပာျပပါတယ္။ႏိုင္ငံျခားေရးဝန္ႀကီးဌာနအေနနဲ႔ တနလၤာ၊ဗုဒၶဟူးနဲ႔ ေသာၾကာေန႔ေတြမွာသာ တံဆိပ္တုံးထုေပးတာျဖစ္တဲ့အတြက္ ႀကိဳတင္စီစဥ္ဖို႔လိုတယ္လို႔လည္း ေအဂ်င္စီက ေျပာပါတယ္။လက္ရွိမွာေတာ့ ထိုင္းႏိုင္ငံ ႏွင့္ ဒူဘိုင္းကို သြားၾကတဲ့ ခရီးသြားေတြမ်ားေၾကာင္း သိရပါတယ္။ႏိုင္ငံျခားခရီးသြားေတြအတြက္ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြဟာ သက္ဆိုင္ရာႏိုင္ငံရဲ႕ ေပၚလစီအရ အေျပာင္းအလဲရွိႏိုင္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here