ယခု ခြောက်လတာ ဘတ်ဂျတ်ကာလအတွင်း ဒေသဖွံ့ဖြိုးရေးတွင် အခြေခံကျသည့် လမ်း၊ တံတားနှင့် လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ ဆောင်ရွက်မည်

0
183

ယခု ခြောက်လတာ ဘတ်ဂျတ်ကာလအတွင်း ဒေသဖွံ့ဖြိုးရေးတွင် အခြေခံကျသည့် လမ်း၊ တံတားနှင့် လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ ဆောင်ရွက်မည်

Unicode

နေပြည်တော် ၊ အောက်တိုဘာ ၁၇

ယခု ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်အတွင်း နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ပြည်သူများလိုအပ်နေသည့် ဒေသဖွံ့ဖြိုးရေး တွင် အခြေခံကျသည့် လမ်း၊ တံတား၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေပြည်တော်စီမံကိန်းဦးစီးရုံးမှ သိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့နှင့်အညီ ပြည်သူတို့အတွက် အဓိကလိုအပ်ချက် များဖြစ်သည့် ဒေသဖွံ့ဖြိုးရေးတွင် အခြေခံကျသည့် လမ်း၊ တံတား၊ လျှပ်စစ်မီးရရှိရေး၊ ကျေးလက်ဒေသ သောက်သုံးရေ ဖူလုံစွာရရှိရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ ဒေသန္တရကျန်းမာရေးစောင့်ရှောက်မှုများ နှင့် ပညာသင်ကြားရေးပိုင်းဆိုင်ရာ အဆောက်အဦများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ စီမံကိန်း (အောက်တိုဘာလမှ မတ်လ) စီမံကိန်းတွင် အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် (၆)လ စီမံကိန်း ဖြစ်သော်လည်း လုပ်ငန်းများကို ရည်မှန်းချက် ပြည့်မီပြီး သတ်မှတ်ချက်များနှင့်အညီ အချိန်မီ ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း သိရသည်။

” ဒီစီမံကိန်းတွေက ပြည်ထောင်စုရန်ပုံငွေ၊ နေပြည်တော်ကောင်စီ ရန်ပုံငွေတို့နဲ့ ဆောင်ရွက်ရမဲ့ လုပ်ငန်း စီမံကိန်းတွေဖြစ်ပါတယ်။ စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာလည်း ပြည်သူတွေရဲ့ အကျိုးကိုရှေ့ရှူပြီး သတ်မှတ်စံချိန် စံညွှန်းတွေနဲ့ အညီ အချိန်မီ ပြီးစီးနိုင်ဖို့ ပြည်သူ့ဘဏ္ဍာငွေတွေ အလေအလွင့် မရှိစေဖို့တို့ကို ကြပ်မတ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု နေပြည်တော်ကောင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စီမံကိန်းရည် မှန်းချက်များကို သက်ဆိုင်ရာဌာနများ ကိုယ်စား နေပြည်တော်စက်မှု ကြီးကြပ်နှင့်စစ်ဆေးရေး ဦးစီးဌာနကို လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နေပြည်တော်လမ်းဦးစီးဌာနကို လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နေပြည်တော် ကျေးလက်လမ်း ဦးစီးဌာနကို လည်းကောင်း၊ နေပြည်တော်ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန ကိုလည်းကောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနကိုလည်းကောင်း၊ အစရှိသဖြင့် လုပ်ငန်းများ အပ်နှံထားပြီးဖြစ်ကြောင်း သိရသည်။

Photo Credit – Ministry Of Construction

Zaw Gyi

ယခု ေျခာက္လတာ ဘတ္ဂ်တ္ကာလအတြင္းေဒသဖြံ႕ၿဖိဳးေရးတြင္ အေျခခံက်သည့္ လမ္း၊ တံတားႏွင့္ လွ်ပ္စစ္မီးရရွိေရး လုပ္ငန္းမ်ားေဆာင္႐ြက္မည္

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၇

ယခု ၂၀၂၁-၂၀၂၂ ေျခာက္လဘ႑ာႏွစ္အတြင္း ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမအတြင္း ျပည္သူမ်ားလိုအပ္ေနသည့္ ေဒသဖြံ႕ၿဖိဳးေရးတြင္ အေျခခံက်သည့္ လမ္း၊ တံတား၊ လွ်ပ္စစ္မီးရရွိေရးလုပ္ငန္းမ်ားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေနျပည္ေတာ္စီမံကိန္းဦးစီး႐ုံးမွ သိရသည္။

ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္၊ ဦးတည္ခ်က္ ၉ ရပ္တို႔ႏွင့္အညီ ျပည္သူတို႔အတြက္ အဓိကလိုအပ္ခ်က္ မ်ားျဖစ္သည့္ ေဒသဖြံ႕ၿဖိဳးေရးတြင္ အေျခခံက်သည့္ လမ္း၊ တံတား၊ လွ်ပ္စစ္မီးရရွိေရး၊ ေက်းလက္ေဒသ ေသာက္သုံးေရ ဖူလုံစြာရရွိေရး၊ စိုက္ပ်ိဳးေရလုံေလာက္စြာရရွိေရး၊ ေဒသႏၲရက်န္းမာေရးေစာင့္ေရွာက္မႈမ်ား ႏွင့္ ပညာသင္ၾကားေရး ပိုင္း ဆိုင္ရာ အေဆာက္အဦမ်ားကို ၂၀၂၁-၂၀၂၂ ဘ႑ာႏွစ္၊ (၆) လ စီမံကိန္း (ေအာက္တို ဘာလမွ မတ္လ)စီမံကိန္းတြင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ျဖစ္ေၾကာင္း၊ စီမံကိန္း လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ (၆)လ စီမံကိန္း ျဖစ္ေသာ္လည္း လုပ္ငန္းမ်ားကို ရည္မွန္းခ်က္ျပည့္မီၿပီး သတ္မွတ္ခ်က္မ်ားႏွင့္အညီ အခ်ိန္မီ ၿပီးစီးေအာင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း သိရသည္။

” ဒီစီမံကိန္းေတြက ျပည္ေထာင္စုရန္ပုံေငြ၊ ေနျပည္ေတာ္ေကာင္စီ ရန္ပုံေငြတို႔နဲ႔ ေဆာင္႐ြက္ရမဲ့ လုပ္ငန္း စီမံကိန္းေတြျဖစ္ပါတယ္။ စီမံကိန္းေတြအေကာင္အထည္ေဖာ္ရာမွာလည္း ျပည္သူေတြရဲ႕ အက်ိဳးကိုေရွ႕ရႉၿပီး သတ္မွတ္စံခ်ိန္ စံၫႊန္းေတြနဲ႔ အညီ အခ်ိန္မီၿပီးစီးႏိုင္ဖို႔ ျပည္သူ႔ဘ႑ာေငြေတြ အေလအလြင့္ မရွိေစဖို႔တို႔ကို ၾကပ္မတ္ေဆာင္႐ြက္သြားရမွာ့ဖစ္ပါတယ္” ဟု ေနျပည္ေတာ္ေကာင္စီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

စီမံကိန္းရည္ မွန္းခ်က္မ်ားကို သက္ဆိုင္ရာဌာနမ်ားကိုယ္စား ေနျပည္ေတာ္စက္မႈႀကီးၾကပ္ႏွင့္စစ္ေဆးေရးဦးစီးဌာနကို လည္းေကာင္း ၊ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ေနျပည္ေတာ္လမ္းဦးစီးဌာနကိုလည္းေကာင္း၊ ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ားကို ေနျပည္ေတာ္ေက်းလက္လမ္းဦးစီးဌာနကို လည္းေကာင္း၊ ေနျပည္ေတာ္ဟိုတယ္ႏွင့္ခရီးသြားလာေရးဦးစီးဌာန ကိုလည္းေကာင္း၊ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ေနျပည္ေတာ္ေက်း လက္ေဒသဖြံ႕ၿဖိဳးေရးဦးစီးဌာနကိုလည္းေကာင္း၊ အစရွိသျဖင့္ လုပ္ငန္းမ်ား အပ္ႏွံထားၿပီးျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here