PN | ပြီးခဲ့သည့် ဘဏ္ဍာနှစ် အတွင်း နေပြည်တော် ပြည်ထောင်စု နယ်မြေတွင် စနစ်ကျ လယ်ယာမြေ ဧက(၁၀၀၀၀)ကျော် ဖော်ထုတ်နိုင်ခဲ့

0
122

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်းနေပြည်တော်ပြည်ထောင်စုနယ်မြေတွင် စနစ်ကျလယ်ယာမြေ ဧက(၁၀၀၀၀)ကျော် ဖော်ထုတ်နိုင်ခဲ့

နေပြည်တော် အောက်တိုဘာ ၁၇

Unicode

ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် စနစ်ကျလယ်ယာမြေ ဧကပေါင်း (၁၀၀၀၀)ကျော် ဖော်ထုတ်ထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနမှ သိရသည်။

အဆိုပါ စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဒက္ခိဏသိရိမြို့နယ်အတွင်းရှိ ကျေးရွာ(၁၁)ရွာတွင် ဧက(၃၀၀၀)ဖြင့် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်းရှိ မြို့နယ်(၈) မြို့နယ်တွင် စနစ်ကျ လယ်ယာမြေဖော်ထုတ် ပြီးစီးမှုအနေဖြင့် ပျဉ်းမနားမြို့နယ် တွင်(၂၀၁၆.၅၈) ဧက၊ လယ်ဝေးမြို့နယ် တွင်(၂၈၃၉.၇၂)ဧက၊ တပ်ကုန်းမြို့နယ်တွင်(၁၁၃၄.၉၈)ဧက၊ ဒက္ခိဏသီရိမြို့နယ် တွင် (၃၅၈၉) ဧက၊ ဇေယျာသီရိမြို့နယ်တွင် (၅၈၉.၀၉)ဧက၊ ဇမ္ဗူသီရိမြို့နယ်တွင်(၁၀၆၃.၅၃)ဧက၊ ပုဗ္ဗသီရိမြို့နယ်တွင်(၁၄၈၂)ဧကနှင့် ဥတ္တရသီရိ မြို့နယ် တွင် (၅၇)ဧကတို့ဖြစ်ကြပြီး စုစုပေါင်း (၁၂၇၇၁.၉)ဧက ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

“စနစ်ကျ လယ်ယာမြေတွေမှာ ကုန်ထုတ်လမ်းတွေ၊ ရေသွင်း၊ ရေထုတ်မြောင်းတွေ၊ စက်ယန္တယားတွေ အသုံးပြုနိုင်ဖို့အတွက် လယ်ဆင်း လမ်းတွေ ပါဝင်မှာဖြစ်ပါတယ်။ ရေသွင်း၊ ရေထုတ်မြောင်းတွေပါဝင်တဲ့အတွက် စိုက်ပျိုးရေကို လိုအပ်တဲ့အချိန်မှာ ရေထုတ်၊ ရေသွင်းပြု လုပ်နိုင်တာကြောင့် သိပ္ပံနည်းကျစိုက်နည်းစနစ်(GAP)စနစ်နဲ့လဲ စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ တောင်သူ လယ်သမားတွေအနေနဲ့ စနစ်ကျ လယ်ယာမြေတွေ မှာ စိုက်ပျိုးခြင်းကြောင့် သမရိုးကျလယ်ယာမြေတွေထက် စိုက်ပျိုးရေကို (၃၀)ရာခိုင်နှုန်း ပိုမိုချွေတာနိုင်မှာလဲ ဖြစ်ပါတယ်” ဟု စက်မှု လယ်ယာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် တောင်သူများသီးနှံများစတင်စိုက်ပျိုးသည့်အချိန်မှ ရိတ်သိမ်း၊ ချွေလှေ့သည်အထိ စက်ကိရိယာများ အသုံးပြုနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယခုအချိန်တွင် စနစ်ကျလယ်ယာမြေများ ဖော်ဆောင်ရန်တောင်သူများ၏ စိတ်ပါဝင် စားမှု မြင့်တက်လာလျက်ရှိကြောင်း၊ ထိုသို့ စနစ်ကျလယ်ယာမြေများဖော်ဆောင်နိုင်မှသာ စက်ကိရိယာများကို အပြည့်အဝ အသုံးပြုနိုင် သည့် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် စနစ်ကျလယ်ယာ မြေ (၈၅၀၀၀)ဧကကျော် ဖော်ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Zaw Gyi

ၿပီးခဲ့သည့္ ဘ႑ာႏွစ္အတြင္းေနျပည္ေတာ္ျ ပည္ေထာင္စုနယ္ေျမတြင္ စနစ္က်လယ္ယာေျမ ဧက(၁၀၀၀၀)ေက်ာ္ ေဖာ္ထုတ္ႏိုင္ခဲ့ေနျပည္ေတာ္

ေအာက္တိုဘာ ၁၇

ၿပီးခဲ့သည့္ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြင္း ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမအတြင္းရွိ ၿမိဳ႕နယ္(၈)ၿမိဳ႕နယ္တြင္ စနစ္က်လယ္ယာေျမ ဧကေပါင္း (၁၀၀၀၀)ေက်ာ္ ေဖာ္ထုတ္ထားၿပီးျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ စက္မႈလယ္ယာ ဦးစီးဌာနမွ သိရသည္။

အဆိုပါ စနစ္က်လယ္ယာေျမေဖာ္ထုတ္ျခင္းကို ၂၀၁၁-၂၀၁၂ ဘ႑ာေရးႏွစ္တြင္ ဒကၡိဏသိရိၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာ(၁၁)႐ြာတြင္ ဧက(၃၀၀၀)ျဖင့္ စတင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္တြင္ ေနျပည္ေတာ္ ျပည္ေထာင္စု နယ္ေျမအတြင္းရွိ ၿမိဳ႕နယ္(၈) ၿမိဳ႕နယ္တြင္ စနစ္က် လယ္ယာေျမေဖာ္ထုတ္ ၿပီးစီးမႈအေနျဖင့္ ပ်ဥ္းမနားၿမိဳ႕နယ္ တြင္(၂၀၁၆.၅၈) ဧက၊ လယ္ေဝးၿမိဳ႕နယ္ တြင္(၂၈၃၉.၇၂)ဧက၊ တပ္ကုန္းၿမိဳ႕နယ္တြင္(၁၁၃၄.၉၈)ဧက၊ ဒကၡိဏသီရိၿမိဳ႕နယ္ တြင္ (၃၅၈၉) ဧက၊ ေဇယ်ာသီရိၿမိဳ႕နယ္တြင္ (၅၈၉.၀၉)ဧက၊ ဇမၺဴသီရိၿမိဳ႕နယ္တြင္(၁၀၆၃.၅၃)ဧက၊ ပုဗၺသီရိၿမိဳ႕နယ္တြင္(၁၄၈၂)ဧကႏွင့္ ဥတၱရသီရိ ၿမိဳ႕နယ္ တြင္ (၅၇)ဧကတို႔ျဖစ္ၾကၿပီး စုစုေပါင္း (၁၂၇၇၁.၉)ဧက ျဖစ္ေၾကာင္း စက္မႈလယ္ယာဦးစီးဌာနမွ သိရသည္။“စနစ္က် လယ္ယာေျမေတြမွာ ကုန္ထုတ္လမ္းေတြ၊ ေရသြင္း၊ ေရထုတ္ေျမာင္းေတြ၊ စက္ယႏၲယားေတြ အသုံးျပဳႏိုင္ဖို႔အတြက္ လယ္ဆင္း လမ္းေတြ ပါဝင္မွာျဖစ္ပါတယ္။ ေရသြင္း၊ ေရထုတ္ေျမာင္းေတြပါဝင္တဲ့အတြက္ စိုက္ပ်ိဳးေရကို လိုအပ္တဲ့အခ်ိန္မွာ ေရထုတ္၊ ေရသြင္းျပဳ လုပ္ႏိုင္တာေၾကာင့္ သိပၸံနည္းက်စိုက္နည္းစနစ္(GAP)စနစ္နဲ႔လဲ စိုက္ပ်ိဳးႏိုင္မွာျဖစ္ပါတယ္။ ေတာင္သူ လယ္သမားေတြအေနနဲ႔ စနစ္က် လယ္ယာေျမေတြ မွာ စိုက္ပ်ိဳးျခင္းေၾကာင့္ သမ႐ိုးက်လယ္ယာေျမေတြထက္ စိုက္ပ်ိဳးေရကို (၃၀)ရာခိုင္ႏႈန္း ပိုမိုေခြၽတာႏိုင္မွာလဲ ျဖစ္ပါတယ္” ဟု စက္မႈ လယ္ယာဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

စက္မႈလယ္ယာ ဦးစီးဌာနအေနျဖင့္ ေတာင္သူမ်ားသီးႏွံမ်ားစတင္စိုက္ပ်ိဳးသည့္အခ်ိန္မွ ရိတ္သိမ္း၊ ေခြၽေလွ႔သည္အထိ စက္ကိရိယာမ်ား အသုံးျပဳႏိုင္ေရး ကူညီေဆာင္႐ြက္ေပးလ်က္ရွိၿပီး ယခုအခ်ိန္တြင္ စနစ္က်လယ္ယာေျမမ်ား ေဖာ္ေဆာင္ရန္ေတာင္သူမ်ား၏ စိတ္ပါဝင္ စားမႈ ျမင့္တက္လာလ်က္ရွိေၾကာင္း၊ ထိုသို႔ စနစ္က်လယ္ယာေျမမ်ားေဖာ္ေဆာင္ႏိုင္မွသာ စက္ကိရိယာမ်ားကို အျပည့္အဝ အသုံးျပဳႏိုင္ သည့္ စက္မႈလယ္ယာစနစ္သို႔ ကူးေျပာင္းႏိုင္မည္ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာ အေနျဖင့္ စနစ္က်လယ္ယာ ေျမ (၈၅၀၀၀)ဧကေက်ာ္ ေဖာ္ထုတ္ေပးႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here