ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လူဦးရေငါးထောင်ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေး

0
823

ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လူဦးရေငါးထောင်ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေ

နေပြည်တော်၊ အောက်တိုဘာ ၁၈ရက်

ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လူဦးရေငါးထောင်ကျော်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း နစက ဥက္ကဋ္ဌ က ယနေ့တွင် ကြေညာသည်။အမိန့်အမှတ် ( ၁၈၆ /၂၀၂၁)၊အမိန့်အမှတ် ( ၁၈၇ /၂၀၂၁) တို့ဖြင့်ကြေညာခြင်းဖြစ်ကာ လွတ်ငြိမ်းချမ်းသာခွင့်ထဲ အနုပညာရှင် များလည်း ပါဝင်နေသည်။

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်သည် ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်း၊ အကျဉ်းကျ နေသူ တို့ကို ခံဝန်ဖြင့် ပြစ်ဒဏ်များလျော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်သည်။

တရားစွဲဆိုခြင်းခံနေရသူ လေးထောင်ကျော် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်တွင် အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သဖြင့် အရေးယူခံရပြီး နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်းခံနေရသူများအား လူသားချင်း စာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရန်နှင့် နိုင်ငံတော် တည်ဆောက် ရေး တွင် ပါဝင်နိုင်စေရန်အတွက် လည်းကောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် တရားစွဲဆိုခြင်းခံနေရသူ (၄၃၂၀) ဦးတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်လိုက်သည်ဟုဆိုသည်။

အကျဉ်းကျနေသာ တစ်ထောင်ကျော်လွတ်ငြိမ်းကြေညာချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင် အချုပ်ထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/သူ (၁၃၁၆) ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်း သက်သာ ခွင့်ပြုလိုက်သည်ဟု ဖော်ပြထားသည်။

Zaw Gyi

ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လူဦးေရငါးေထာင္ေက်ာ္အား လြတ္ၿငိမ္းခ်မ္းသာခြင့္ေပး

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၈ရက္

ျပစ္ဒဏ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လူဦးေရငါးေထာင္ေက်ာ္အား လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးလိုက္ေၾကာင္း နစက ဥကၠ႒ က ယေန႔တြင္ ေၾကညာသည္။

အမိန႔္အမွတ္ ( ၁၈၆ /၂၀၂၁)၊အမိန႔္အမွတ္ ( ၁၈၇ /၂၀၂၁) တို႔ျဖင့္ေၾကညာျခင္းျဖစ္ကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ထဲ အႏုပညာရွင္ မ်ားလည္း ပါဝင္ေနသည္။

ယေန႔ လြတ္ၿငိမ္းခ်မ္းသာခြင့္သည္ ဆႏၵျပမႈမ်ားႏွင့္ စပ္လ်ဥ္း၍ ၾကားနာစစ္ေဆးဆဲ ျပစ္မႈဆိုင္ရာအမႈမ်ားကို ပိတ္သိမ္းျခင္း၊ အက်ဥ္းက် ေနသူ တို႔ကို ခံဝန္ျဖင့္ ျပစ္ဒဏ္မ်ားေလ်ာ့ေပါ့ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးျခင္းျဖစ္သည္။ တရားစြဲဆိုျခင္းခံေနရသူ ေလးေထာင္ေက်ာ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေၾကညာခ်က္တြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆူပူဆႏၵျပမႈမ်ားတြင္ ပါဝင္ခဲ့သျဖင့္ အေရးယူခံရၿပီး ႏိုင္ငံေတာ္အတြင္း တရား႐ုံးအသီးသီးတြင္ တရားစြဲဆိုျခင္းခံေနရသူမ်ားအား လူသားခ်င္း စာနာ ေထာက္ထားမႈကို အေလးထားေသာအားျဖင့္ လည္းေကာင္း၊ ျပည္သူလူထု ႏွလုံးစိတ္ဝမ္း ေအးခ်မ္းေစရန္ႏွင့္ ႏိုင္ငံေတာ္ တည္ေဆာက္ ေရး တြင္ ပါဝင္ႏိုင္ေစရန္အတြက္ လည္းေကာင္း ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒သည္ တရားစြဲဆိုျခင္းခံေနရသူ (၄၃၂၀) ဦးတို႔၏ ၾကားနာစစ္ေဆးဆဲ ျပစ္မႈဆိုင္ရာအမႈမ်ားကို ပိတ္သိမ္း၍ တရားခံမ်ားအား အမႈမွလႊတ္လိုက္သည္ဟုဆိုသည္။

အက်ဥ္းက်ေနသာ တစ္ေထာင္ေက်ာ္လြတ္ၿငိမ္းေၾကညာခ်က္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒သည္ အက်ဥ္းေထာင္ အခ်ဳပ္ေထာင္/စခန္း အသီးသီးတြင္ အက်ဥ္းက်ခံေနၾကရေသာ အက်ဥ္းသား/သူ (၁၃၁၆) ဦးတို႔ကို ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ (၁) အရ “ေနာက္တစ္ႀကိမ္ျပစ္မႈထပ္မံက်ဴးလြန္ပါက ၎ျပစ္ဒဏ္အျပင္ ယခုက်ခံရန္ က်န္ရွိေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္ က်ခံပါမည္”ဟူေသာ စည္းကမ္းသတ္မွတ္ခ်က္ျဖင့္ ယင္းတို႔က်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားအေပၚေလွ်ာ့ေပါ့၍ ျပစ္ဒဏ္ လြတ္ၿငိမ္းသက္သာ ခြင့္ျပဳလိုက္သည္ဟု ေဖာ္ျပထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here