ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မုံရွာအောင်ရှင်အပါအဝင် မဇ္ဈိမသတင်းဌာနသတင်းထောက်နှင့် သတင်းထောက် ၇ဦး ပြန်လွတ်လာရန်ရှိ

0
252

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မုံရွာအောင်ရှင်အပါအဝင် မဇ္ဈိမသတင်းဌာနသတင်းထောက်နှင့် သတင်းထောက် ၇ဦး ပြန်လွတ်လာရန်ရှိ

ရန်ကုန်၊အောက်တိုဘာ ၁၈ရက်

လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်လာရန်ရှိနေသည့်အထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဆရာမုံရွာအောင်ရှင်နှင့် သတင်းမီဒီယာသမားအချို့လည်း ပါဝင်နေသည်။

ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ယခင်တာဝန်ထမ်းဆောင်ခဲ့မှုများနှင့် စပ်လျဉ်းပြီး စစ်ကြောမေးမြန်းရန် ရှိသည်ဆိုပြီး ဆရာမုံရွာအောင်ရှင်သည် အဖမ်းခံခဲ့ရပြီး ထိန်းသိမ်းရေးစခန်းတစ်ခုတွင် ၉ လနီးပါး ထိမ်းသိန်းခံခဲ့ရသည်။

အလားတူ ပြန်လွတ်လာရန်ရှိနေသည့် သတင်းမီဒီယာသမားထဲ မတ်လ ၂၉ ရက်နေ့ကတည်းက မြစ်ကြီးနားအကျဉ်းထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပုဒ်မ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသော Kachin Waveသတင်းဌာနမှ ဦးလရော်(ခ)နာဂါးလရော် နှင့် 74 မီဒီယာမှ မချန်ဘူနှင့် မဆိုင်းနုပန်၊မတ်လ ၂၇ရက်ကတည်းက အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပုဒ်မ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသောMizzima မီဒီယာမှ ဒေါ်သင်းသင်းအောင်၊ ကိုဂျိမ်းစ်(ခ)ပုထုံ၊ဖေဖော်ဝါရီ ၁၄ရက်ကတည်းက ပဲခူးအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သဘာဝဘေး ၂၅ဖြင့် အမှုဖွင့်ခံထားရသော ခေတ်ပုံရိပ် မှ ကိုအောင်ခန့်၊ဖေဖော်ဝါရီ ၁၈ရက်က တောင်ငူ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပုဒ်မ၅၀၅-ကဖြင့် အမှုဖွင့်ခံထားရသော သတင်းထောက် ဦးကျော်မြင့် တို့လည်းပါသည်။

ထို့အတူ CDMဆောင်ရွက်ခဲ့မှုဖြင့် ဖမ်းခံထားရပြီး မန္တလေးအကျဉ်းထောင်တွင် ဇွန်လနှင့် ဇူလိုင်လအတွင်းက ဖမ်းဆီးထိန်းသိမ်းခံထားရသော ဆရာဝန် ၂ဦး၊CDMဆောင်ရွက်ခဲ့မှုဖြင့် ဖမ်းခံထားရပြီး ၅၀၅-ကဖြင့် မြစ်ကြီးနားထောင်တွင် ဇွန်လက ဖမ်းဆီးထိန်းသိမ်းခံထားရသော အထက(၁)မြစ်ကြီးနားကျောင်းအုပ်ကြီး၊ဖေဖော်ဝါရီ ၉ ရက်နေ့က CDMဆောင်ရွက်ခဲ့မှုဖြင့် ဖမ်းခံထားရပြီး ၅၀၅-ခဖြင့်ဘားအံ့ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဘားအံ့တက္ကသိုလ်မှ လက်ထောက်မော်ကွန်းထိန်း၊၊ဧပြီ ၅ ရက်နေ့က CDMဆောင်ရွက်ခဲ့မှုဖြင့် ဖမ်းခံထားရပြီး ၅၀၅-ကဖြင့် ထားဝယ်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော တလိုင်းအလကခွဲကျောင်းအုပ်ဆရာမကြီး၊စက်တင်ဘာ ၂၆ရက်က CDMဆောင်ရွက်ခဲ့မှုဖြင့် ဖမ်းခံထားရပြီး ခလရ ၂၅၈ တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဝယ်တောင်မြောက်ကျေးရွာက မူလတန်းပြဆရာ၊ယင်းနေ့မှာပင် ဖမ်းခံလိုက်ရကာ ခလရ ၂၅၈ တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော လယ်သာဝမူလတန်းပြဆရာ၊စက်တင်ဘာ ၂၆ရက်က CDMဆောင်ရွက်ခဲ့မှုဖြင့် ဖမ်းခံထားရပြီး ခလရ ၂၅၈ တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဖောင်တင်အမကကျောင်းမှ မူလတန်းပြဆရာ၊မတ်လ ၁၁ရက်က CDMဆောင်ရွက်ခဲ့မှုဖြင့် ဖမ်းခံထားရပြီး ဒကစပြည်တွင် ထိန်းသိမ်းခံထားရသော ပြည်တက္ကသိုလ်မှ တာဝန်ရှိသူ တို့ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here