BTS ရဲ့ LA Show အတွက် လက်မှတ်တွေ ဒေါ်လာ ၁၅၀၀၀ ကျော်ထိ ဈေးပေါက်

0
220

BTS ရဲ့ LA Show အတွက် လက်မှတ်တွေ ဒေါ်လာ ၁၅၀၀၀ ကျော်ထိ ဈေးပေါက်

BTS ရဲ့ LA မှာပြုလုပ်မယ့် “BTS PERMISSION TO DANCE-LA” Show အတွက် လက်မှတ်တွေဟာ ကြိုတင်မှာယူမှုတွေ များလွန်းတာကြောင့် ဝယ်လို့မရအောင်ဖြစ်ခဲ့ပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့က Ticketmaster မှာပြန်လည်ရောင်းချတဲ့ လက်မှတ်အချို့ ဝယ်လိုအားများလွန်းတာကြောင့် ဈေးတွေမြင့်တက်ခဲ့ပါတယ်။

အချို့ VVIP လက်မှတ်တွေဟာ ဝယ်ယူပြီး ၇၂ နာရီထိ ပယ်ဖျက်ခြင်းမရှိတာကြောင့် ဒေါ်လာ ၁၅၃၃၈ ထိ ဈေးပေါက်နေပါတယ်။

Ticketmaster ဟာ ဝယ်ယူထားပြီးသားလက်မှတ်တွေကို ပြန်လည်ရောင်းချလိုသူတွေအတွက် site တခုလည်း စီစဉ်ပေးထားပါတယ်။

BTS ရဲ့ LA Show ဟာ ၂၀၁၉ ခုနှစ်က Seoul မှာ ဖျော်ဖြေအပြီး ပရိတ်သတ်နဲ့တိုက်ရိုက်တွေ့ဆုံတဲ့ ပထမဆုံးပွဲလည်း ဖြစ်ပါတယ်။

BTS အဖွဲ့ဟာ LA မှာ စုစုပေါင်း ဖျော်ဖြေပွဲ ၄ပွဲဖျော်ဖြေမှာဖြစ်ပြီး နိုဝင်ဘာ ၂၇,၂၈ နဲ့ ဒီဇင် ဘာ ၁,၂ တို့မှာ ကျင်းပမှာပါ။

ဖျော်ဖြေပွဲမတိုင်ခင် အောက်တိုဘာ ၂၄ရက်နေ့မှာတော့ ကမ္ဘာတဝှမ်းက ပရိတ်သတ်တွေကို အွန်လိုင်းနဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။

BTS ဟာ သူတို့ရဲ့ အနာဂတ်အစီအစဉ်တွေနဲ့ ဖျော်ဖြေပွဲရက်တွေကို ထုတ်ပြန်ခြင်းမရှိသေးပေမယ့် Bit Hit Music ကတော့ ကမ္ဘာတဝှမ်းက
ARMY တွေအတွက် နောက်ထပ်ဖျော်ဖြေပွဲတွေကျင်းပဖို့ ကြိုးစားသွားမယ်လို့ စက်တင်ဘာလ ၂၈ရက်နေ့က ကြေညာထားတာရှိပါတယ်။

(Zawgyi)
BTS ရဲ႕ LA Show အတြက္ လက္မွတ္ေတြ ေဒၚလာ ၁၅၀၀၀ ေက်ာ္ထိ ေစ်းေပါက္

BTS ရဲ႕ LA မွာျပဳလုပ္မယ့္ “BTS PERMISSION TO DANCE-LA” Show အတြက္ လက္မွတ္ေတြဟာ ႀကိဳတင္မွာယူမႈေတြ မ်ားလြန္းတာေၾကာင့္ ဝယ္လို႔မရေအာင္ျဖစ္ခဲ့ပါတယ္။

ေအာက္တိုဘာ ၁၇ ရက္ေန႔က Ticketmaster မွာျပန္လည္ေရာင္းခ်တဲ့ လက္မွတ္အခ်ိဳ႕ ဝယ္လိုအားမ်ားလြန္းတာေၾကာင့္ ေစ်းေတြျမင့္တက္ခဲ့ပါတယ္။

အခ်ိဳ႕ VVIP လက္မွတ္ေတြဟာ ဝယ္ယူၿပီး ၇၂ နာရီထိ ပယ္ဖ်က္ျခင္းမရွိတာေၾကာင့္ ေဒၚလာ ၁၅၃၃၈ ထိ ေစ်းေပါက္ေနပါတယ္။

Ticketmaster ဟာ ဝယ္ယူထားၿပီးသားလက္မွတ္ေတြကို ျပန္လည္ေရာင္းခ်လိုသူေတြအတြက္ site တခုလည္း စီစဥ္ေပးထားပါတယ္။

BTS ရဲ႕ LA Show ဟာ ၂၀၁၉ ခုႏွစ္က Seoul မွာ ေဖ်ာ္ေျဖအၿပီး ပရိတ္သတ္နဲ႔တိုက္႐ိုက္ေတြ႕ဆုံတဲ့ ပထမဆုံးပြဲလည္း ျဖစ္ပါတယ္။

BTS အဖြဲ႕ဟာ LA မွာ စုစုေပါင္း ေဖ်ာ္ေျဖပြဲ ၄ပြဲေဖ်ာ္ေျဖမွာျဖစ္ၿပီး ႏိုဝင္ဘာ ၂၇,၂၈ နဲ႔ ဒီဇင္ ဘာ ၁,၂ တို႔မွာ က်င္းပမွာပါ။

ေဖ်ာ္ေျဖပြဲမတိုင္ခင္ ေအာက္တိုဘာ ၂၄ရက္ေန႔မွာေတာ့ ကမာၻတဝွမ္းက ပရိတ္သတ္ေတြကို အြန္လိုင္းနဲ႔ ေတြ႕ဆုံဖို႔လည္း စီစဥ္ထားပါတယ္။

BTS ဟာ သူတို႔ရဲ႕ အနာဂတ္အစီအစဥ္ေတြနဲ႔ ေဖ်ာ္ေျဖပြဲရက္ေတြကို ထုတ္ျပန္ျခင္းမရွိေသးေပမယ့္ Bit Hit Music ကေတာ့ ကမာၻတဝွမ္းက
ARMY ေတြအတြက္ ေနာက္ထပ္ေဖ်ာ္ေျဖပြဲေတြက်င္းပဖို႔ ႀကိဳးစားသြားမယ္လို႔ စက္တင္ဘာလ ၂၈ရက္ေန႔က ေၾကညာထားတာရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here