ဖမ်းခံထားရသည့် NLDဗဟိုကော်မတီဝင်တစ်ဦးအပါအဝင်ရခိုင်ပြည်နယ်မှ အမတ်တစ်ဦးတို့ပြန်လွတ်လာ

0
174

ဖမ်းခံထားရသည့် NLDဗဟိုကော်မတီဝင်တစ်ဦးအပါအဝင်ရခိုင်ပြည်နယ်မှ အမတ်တစ်ဦးတို့ပြန်လွတ်လာ

ရန်ကုန်၊အောက်တိုဘာ ၁၈ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးကျော်သောင်းသည် ရွှေဘိုအကျဉ်းထောင်မှ ယနေ့ပြန်လည် လွတ်မြောက်လာသည်။

ဦးကျော်သောင်းသည် စစ်ကိုင်းတိုင်း အမှတ်(၆)မဲဆန္ဒနယ် အမျိုးသားလွှွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့်အပြင် စစ်ကိုင်းမြို့နယ် NLD ဥက္ကဌလည်းဖြစ်ကာ ဖေဖော်ဝါရီလ (၉)ရက်ညပိုင်းက ဖမ်းခံခဲ့ရသည်။

ဇွန်လ (၂၄)ရက်နေ့တွင်အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသူလည်းဖြစ်သည်။

ဦးကျော်သောင်းပြန်လွတ်လာသကဲ့ပင် ဖေဖော်ဝါရီလအတွင်းကတည်းက ၅၀၅-ခ၊ဘေးစီမံ၃၀(က)တို့ဖြင့် ထောင်ဒဏ်ကျခံနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်လည်း ယနေ့ပြန်လွတ်လာသည်။

ထို့အတူ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ဂွမြို့၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးအပါအဝင် ထောင်ဒဏ်ကျခံနေရသော ဒေသခံ၂ဦးလည်း ယနေ့ပြန်လွတ်လာသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here