မန္တလေးစည်ပင်သာယာရေးကော်မတီရုံးအနီးအပါအဝင်ချမ်းမြသာစည်အခွန်ရုံးတွင် ပေါက်ကွဲမှုများဖြစ်ပွား

0
208

မန္တလေးစည်ပင်သာယာရေးကော်မတီရုံးအနီးအပါအဝင်ချမ်းမြသာစည်အခွန်ရုံးတွင် ပေါက်ကွဲမှုများဖြစ်ပွား

မန္တလေး၊အောက်တိုဘာ ၁၈ရက်

ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအနီး လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သည်။

ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုကြောင့် ရုံးရှေ့မျက်နှာ စာတွင် ရပ်ထားသော မော်တော်ယာဉ် နှစ်စီးပျက်စီးထိခိုက်မှုအချို့ဖြစ်ခဲ့ပြီး ဝန်ထမ်း၂ဦးနှင့် အခွန်လာဆောင်သူတစ်ဦးတို့ ထိခိုက်ဒဏ်ရာရသွားသည်။

အလားတူ ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်ကလည်း ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၅(B)x ၁၀၄ လမ်းထောင့်ရှိ ပြည်တွင်းအခွန်ဦစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံး၊ ပထမထပ်လှေကားအနီးတွင် လက်လုပ်ချိန်ကိုက်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကာ ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here