၂၀၂၂ အမျိုးသမီးအာရှဖလားခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးအသင်း လက်ဘနွန်အသင်းကိ အနိုင်ရ

0
194

၂၀၂၂ အမျိုးသမီးအာရှဖလားခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးအသင်း လက်ဘနွန်အသင်းကိ အနိုင်ရ


၂၀၂၂အမျိုးသမီးအာရှဖလား ခြေစစ်ပွဲစဉ်ကို မြန်မာအမျိုးသမီးအသင်းနဲ့ လက်ဘနွန်အမျိုး သမီးအသင်းတို့ အောက်တိုဘာ ၁၈ရက်နေ့က ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းက (၄-ဝ)နဲ့ အနိုင်ရခဲ့ပါတယ်။

အာရှဖလားခြေစစ်ပွဲ အုပ်စု (ဃ)ခြေစစ်ပွဲစဉ် တွေကို ကာဂျစ်စတန်နိုင်ငံ၊ Bishkek မြို့မှာ ကျင်းပနေတာဖြစ်ပြီး အုပစု (ဃ)မှာတော့ မြန်မာလက် ရွေးစင် အမျိုးသမီးအသင်းနဲ့အတူ လက်ဘနွန်၊ဂူအမ်နဲ့ ယူအေအီးအသင်းတို့ ယှဉ်ပြိုင်ရမှာပါ။

မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဂူအမ်အသင်း၊အောက်တိုဘာလ ၂၄ရက်နေ့မှာ ယူအေအီးအသင်းတို့နဲ့ ထပ်မံယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စုပွဲစဉ်မှာ အနိုင်ရတဲ့အသင်းကသာ ၂၀၂၂ အမျိုးသမီးအာရှဖလားကို ဝင်ခွင့်ရမှာပါ။

AFC Women’s Asian Cup 2022 ပြိုင်ပွဲကို အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာ ဖြစ်ပြီး အိမ်ရှင်အိန္ဒိယအသင်း၊၂၀၁၈ ပြိုင်ပွဲမှာ ထိပ်ဆုံး ၃သင်းဖြစ်ခဲ့တဲ့ လက်ရှိချန်ပီယံ ဂျပန်အသင်း၊ ဩစတေးလျအသင်း၊ တရုတ်အသင်းတို့နဲ့အတူ ခြေစစ်ပွဲအောင်မြင်လာတဲ့ အသင်း (၈)သင်း၊ စုစုပေါင်း အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

Source – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here