သီတင်းကျွတ်လပြည့်နေ့နဲ့ လပြည့်ကျော် ၁ရက်နေ့တို့မှာ မဟာမြတ်မုနိဘုရားကြီးကို အချိန်ထပ်တိုး ဖွင့်လှစ်ပေးမည်
မန္တလေးမဟာမြတ်မုနိဘုရားကြီးကို သီတင်း ကျွတ်လပြည့်နေ့နဲ့ လပြည့်ကျော် ၁ရက်နေ့တို့မှာ ပုံမှန်ထက် အချိန်တိုးပြီး ဖွင့်လှစ်ပေးမယ်လို့သိရပါတယ်။
ဘုရားကြီးကို ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ နေ့စဉ် နံနက် ၄နာရီခွဲမှ ညနေ ၅နာရီခွဲအထိ ကိုဗစ်စည်းကမ်းတွေနဲ့အညီ ဖွင့်လှစ်ထားတာပါ။
လပြည့်နေ့နဲ့ လပြည့်ကျော် ၁ရက်တို့မှာ ဘုရားရင်ပြင်တော်ပေါ်မှာ ဆီမီးပူဇော်လိုတဲ့ မိဘပြည်သူတွေအတွက် ည၇နာထိ အချိန်ထပ်တိုးဖွင့်လှစ်ပေးတာဖြစ်တယ်လို့ ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဌ ဦးစိုးလင်းက ပြောပါတယ်။
ည ၇နာရီအထိဖွင့်ပေးတယ်ဆိုပေမယ့် ဆီမီးပူဇော်ပြီး ၆နာရီ၄၅မိနစ်မှာ ပြန်ရမယ်လို့လည်း ဦးစိုးလင်းက ရှင်းပြပါတယ်။
ဘုရားမီးပူဇော်ဖို့ လာရောက်ခွင့်တောင်းထားတဲ့ ပြည်သူတွေနဲ့တင် ရင်ပြင်တော်ကပြည့်နေတယ်လို့လည်းပြောပါတယ်။
ကိုဗစ်မဖြစ်ခင်ကာလတွေတုန်းကတော့ မဟာမုနိရုပ်ရှင်တော်ကြီးကို ပုံမှန် နေ့စဉ် နံနက် ၄နာရီခွဲမှ ည ၉နာရီထိ ပုံမှန်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။