ပြည်တွင်းလေကြောင်းခရီးစဉ်လိုက်ပါမည့်သူများ ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံချက်ပါမှ စီးခွင့်ရမည်

0
319

ပြည်တွင်းလေကြောင်းခရီးစဉ်လိုက်ပါမည့်သူများ ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံချက်ပါမှ စီးခွင့်ရမည်

လေယာဉ်မထွက်မီ ၃၆ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ကင်းစင်ကြောင်းထောက်ခံချက်ပါမှ ပြည်တွင်းလေယာဉ်ခရီးစဉ်များအားလိုက်ပါ စီးနင်းခွင့်ရမည်ဟု လေကြောင်းညွှန်ကြားမှုဦးစီးဌာနကပြောသည်။

ယင်းအစီအမံကို ယနေ့ကစ၍ ဆောင်ရွက်မည်ဖြစ်ပြီး ဆေးထောက်ခံချက်ကို စစ်ဆေးရေး ကောင်တာတွင် ပြသရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း ထောက်ခံစာသည် RT-PCR သို့မဟုတ် RDT Test Kit ဖြင့် စစ်ဆေးထားသည့် ထောက်ခံစာဖြစ်သည်။

ကိုဗစ်ကြောင့် ဇွန်လကစပြီး ယာယီရပ်နားထားသည့် ရန်ကုန်-ကလေးအပါအဝင်ရန်ကုန်-ကော့သောင်းစသည့် ပြည်တွင်းလေကြောင်းခရီးစဉ်အချို့ လက်ရှိတွင် ပြန်လည်ပြေးဆွဲ နေပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here