ရေကြီးရေလျှံမှုကြောင့် အိန္ဒိယနှင့်နီပေါနိုင်ငံတို့တွင် လူပေါင်း ၂၀၀ခန့်သေဆုံး

0
197

ရေကြီးရေလျှံမှုကြောင့် အိန္ဒိယနှင့်နီပေါနိုင်ငံတို့တွင် လူပေါင်း ၂၀၀ခန့်သေဆုံး

ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုများကြောင့် အိန္ဒိယနဲ့ နီပါနိုင်ငံတို့တွင် လူပေါင်း ၂၀၀ခန့်သေဆုံးခဲ့ကြရတယ်လို့ ယနေ့အောက်တိုဘာလ ၂၁ရက်သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယခုကဲ့သို့ ရေကြီးခြင်းနဲ့ မြေပြိုခြင်းများ ဖြစ်ပွါးခဲ့ရတာဖြစ်ပြီး လက်ရှိထုတ်ပြန်ချက်တွေအရ နီပေါနိုင်ငံတွင် ၈၈ဦးသေဆုံးကာ အိန္ဒိယနိုင်ငံတွင် ၅၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

လမ်းတွေနဲ့တံတားပေါင်းများစွာ ပျက်ဆီးခဲ့တယ်လို့သိရပြီး မြို့အချို့ကတော့ ဆက်သွယ်မှုတွေပြတ်တောက်သွားခဲ့ပါတယ်။

မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာအတွင်းရေးမှူးဖြစ်သူ S Murugeshan က “လူတွေအများကြီးပျောက်ဆုံးနေတုန်းပါပဲ၊ ရေခဲမြစ်ကိုခြေလျင်ခရီးသွားနေတဲ့ နိုင်ငံခြားသားအယောက် ၂၀လည်းပျောက်နေတယ်” လို့ဆိုပါတယ်။

“ရွှံ့တွေ၊ ကျောက်တုံးတွေနဲ့ ရေတွေဟာ Darjeeling တောင်တန်းပေါ်က လှိမ့်ဆင်းလာတဲ့အတွက် အိမ်ခြေ ၄၀၀ပျက်ဆီးသွားတယ်၊ လူထောင်ပေါင်းများစွာကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်” လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး Javed Amhed Khan ကပြောပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံးရေကြီးရေလျှံမှုတစ်ခုကတော့ ၂၀၁၈ခုနှစ်မှာဖြစ်ပွါးခဲ့တာဖြစ်ပြီး လူပေါင်း ၅၀၀နီးပါး သေဆုံးခဲ့တယ်လို့သိရပါတယ်။

Source – CNA


LEAVE A REPLY

Please enter your comment!
Please enter your name here