ပြည်လမ်းနှင့်အလုံလမ်းထောင့်ရှိ ယာဉ်ထိန်းရဲရုံးအနီးပေါက်ကွဲမှုဖြစ်

0
157

(Unicode)

ပြည်လမ်းနှင့်အလုံလမ်းထောင့်ရှိ ယာဉ်ထိန်းရဲရုံးအနီးပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့ ပြည်လမ်းနှင့် အလုံလမ်းထောင့်ရှိ ယာဉ်ထိန်းရုံနှင့် ၁၀ ပေခန့်အကွာ Control Box အနီးယနေ့ အောက်တိုဘာ၂၂ရက် နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှုကြောင့် Control Box ၏ ရှေ့အဖုံး ပြုတ်ထွက်ခဲ့ပြီး အခြားထိခိုက် ပျက်စီးမှုမရှိပေ။

အဆိုပါ နေရာသည် လုံခြုံရေးအထူးတင်းကြပ်ထားသည့်နေရာတစ်ခုဖြစ်သည်။

ယမန်နေ့ အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်ကလည်း လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက် ဗဟိုလမ်း၊ သီရိမြိုင်ဘူတာရှေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ သတင်းပေးတစ်ဦးဟု စွပ်စွဲခြင်းခံထားရသူ တက္ကစီယာဉ်မောင်းတစ်ဦး ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်ဖြင့်သေဆုံးသွားသည်။

၎င်း၏ အဖြူရောင် Probox တက္ကစီပေါ် နောက်ဖုံးဖွင့်ထိုင်၍ ခရီးသည်စောင့်စဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here