ဂူအမ်အသင်းကို (၈-ဝ)နဲ့ မြန်မာအမျိုးသမီးအသင်း အနိုင်ရ

0
118

(Unicode)
ဂူအမ်အသင်းကို (၈-ဝ)နဲ့ မြန်မာအမျိုးသမီးအသင်း အနိုင်ရ

အောက်တိုဘာလ ၂၁ရက်နေ့က ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ဂူအမ်အသင်းတို့ရဲ့ အမျိုးသမီးအာရှဖလားခြေစစ်ပွဲမှာ မြန်မာအသင်းက (၈-ဝ)နဲ့ အနိုင်ရခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ အောက်တိုဘာလ ၁၈ရက်နေ့က ကျင်းပခဲ့တဲ့ လက်ဘနွန်နဲ့ပွဲစဉ်မှာလည်း (၄-ဝ)နဲ့ အနိုင်ရရှိခဲ့တာပါ။

“အသင်းသားတွေအားလုံး စည်းစည်းလုံးလုံးနဲ့ ကစားခဲ့လို့ အခုလိုအနိုင်ရလဒ် ရတာပါ။ခြေစစ် ပွဲအောင်ဖို့အတွက် နောက်ခြေလှမ်းတခုလှမ်းနိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်” လို့ မြန်မာအမျိုးသမီးအသင်းရဲ့ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပြောခဲ့ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အောက်တိုဘာ လ ၂၄ရက်နေ့မှာ ယူအေအီးအသင်းနဲ့ ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here