PN | မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း ၂၀၂၂ အာရှဖလားပြိုင်ပွဲ ဝင်ခွင့်ရ

0
230

မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း ၂၀၂၂ အာရှဖလားပြိုင်ပွဲ ဝင်ခွင့်ရ

 

ကာဂျစ်စတန်နိုင်ငံ၊ Bishkek မြို့မှာကျင်းပခဲ့တဲ့ ၂၀၂၂ အမျိုးသမီး အာရှဖလားခြေစစ်ပွဲ အုပ်စု (ဃ) ၊အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာအမျိုး သမီးအသင်းဟာ ယူအေအီးအသင်းကို (၂-၀)
နဲ့ အနိုင်ရခဲ့ပြီး အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ အာရှဖလားပြိုင်ပွဲကို ဝင်ရောက်ခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

“ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားအားလုံးကို ဒီနေရာကနေ ချီးကျူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ပထမခြေလှမ်းကို လှမ်းနိုင်ခဲ့ပါပြီ။ အာရှဖလားမှာ မြင့်မားတဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ပြိုင်ဘက်ကောင်းတွေနဲ့ ခြေစမ်းကစားဖို့ လိုပါတယ်” လို့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ဦးတင်အောင်မြင့်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာအသင်းဟာ အုပ်စုတွင်းမှာ လက်ဘနွန်အသင်းကို (၄-၀)၊ဂူအမ်အသင်းကို (၈-၀)၊ယခု ယူအေအီးအသင်းကို (၂-၀) နဲ့ အနိုင်ရရှိကာ ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။

Zaw Gyi





LEAVE A REPLY

Please enter your comment!
Please enter your name here