အာဃာတတရားများ ပိုမိုများပြားမလာစေရေး အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်နေကြောင်းနဲ့ အာဆီယံရဲ့ သဘောတူညီချက်၅ ရပ်ကို အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ နစကဆို

0
129

(Unicode)

အာဃာတတရားများ ပိုမိုများပြားမလာစေရေး အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်နေကြောင်းနဲ့ အာဆီယံရဲ့ သဘောတူညီချက်၅ ရပ်ကို အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ နစကဆို

သွေးထွက်သံယိုမှုအနည်းဆုံးနဲ့ အာဃာတတရားတွေ ပိုမိုများပြားမလာစေဖို့ အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီ ၁ရက်နေ့နောက်ပိုင်းဖြစ်စဉ်တွေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်ကိစ္စနဲ့ စပ်လျဉ်းတဲ့ နစကရဲ့ သတင်းထုတ်ပြန်ချက်က ပြောပါတယ်။

လက်ရှိမှာ ဆန္ဒပြမှုတွေနဲ့ စပ်လျဉ်းပြီး ပြစ်ဒဏ်ကျခံနေရတာတွေ၊ တရားစွဲဆိုခံနေရသူေ တွနဲ့ အရေးယူခံနေရသူတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခြင်း၊ ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများပိတ်သိမ်းခြင်း၊ အရေးယူမှုများ ပိတ်သိမ်းနေတာမှာ ယနေ့အထိ(အောက်တိုဘာ၂၄ရက်အထိ) အမျိုးသား ၄၅၆၆၈ ဦးနှင့် အမျိုးသမီး ၆၀၃၆ ဦး၊ စုစုပေါင်း ၅၁၇၀၄ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်၊ အမှုတွေ ပိတ်သိမ်းခဲ့တယ်လို့ လည်းထုတ်ပြန်ချက်က ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း နစကနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှု ၁၅ ကြိမ်၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှု ၆ ကြိမ်ပြုလုပ်ခဲ့တဲ့အကြောင်းနဲ့ အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးအတွင်း ဆောင်ရွက်ခဲ့တဲ့ အာဆီယံရဲ့ သဘောတူညီချက် ၅ ရပ်အတိုင်း လုပ်ငန်းစဉ်တွေကို အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောဆိုပါတယ်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here