သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးကွန်ဖရင့်(၂၀၂၁)ကျင်းပ

0
207

(Unicode)

သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးကွန်ဖရင့်(၂၀၂၁)ကျင်းပ

နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်ရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး ကွန်ဖရင့်(၂၀၂၁) “Conference on Science and Technology Development-2021 (CSTD-2021)” ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၆ ရက်၊ နံနက်ပိုင်းတွင် ပြင်ဉီးလွင်တပ်နယ်၊ စစ်တက္ကသိုလ် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားမှာ သိပ္ပံနှင့်နည်းပညာဆိုင်ရာပိုစ တာ ၂၃စောင်ပြသထားပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာစာတမ်း (၅၄)စောင်နဲ့ ဖိတ်ကြားထားတဲ့ပါမောက္ခတွေရဲ့ စာတမ်း (၂)စောင်၊ စုစုပေါင်း(၅၆)စောင် ဖတ်ကြားခဲ့ကြောင်းသိရပါတယ်။

အခမ်းအနားကိုယနေ့ အောက်တိုဘာလ ၂၇ရက်နေ့ထိပြုလုပ်မှာဖြစ်ပြီး ၂၇ရက်နေ့မှာလည်း keynote speaker စာတမ်း(၂)စောင်နဲ့ အထူးစာတမ်း(၆)စောင်အပါအဝင် စုစုပေါင်း စာတမ်း (၅၀)စောင် ဖတ်ကြားမယ်လို့ သိရပါတယ်။

ဒါ့အပြင် သိပ္ပံနှင့်နည်းပညာဆိုင်ရာဖွံဖြိုးတိုးတက်ရေးကွန်ဖရင့်(၂၀၂၁)မှာ အကောင်းဆုံးစာတမ်း (၆)စောင်နဲ့ အကောင်းဆုံးပိုစတာဆု (၂)ဆု ချီးမြှင့်မယ်လို့ သိရပါတယ်။

(Zawgyi)

သိပၸံႏွင့္နည္းပညာဆိုင္ရာ ဖြံၿဖိဳးတိုးတက္ေရးကြန္ဖရင့္(၂၀၂၁)က်င္းပ

နည္းပညာဆိုင္ရာမ်ား အေထာက္အကူျပဳႏိုင္ရန္ႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဖြံၿဖိဳးတိုးတက္ရန္ ရည္႐ြယ္၍ သိပၸံႏွင့္နည္းပညာဆိုင္ရာ ဖြံၿဖိဳးတိုးတက္ေရး ကြန္ဖရင့္(၂၀၂၁) “Conference on Science and Technology Development-2021 (CSTD-2021)” ဖြင့္ပြဲအခမ္းအနားကို ေအာက္တိုဘာ ၂၆ ရက္၊ နံနက္ပိုင္းတြင္ ျပင္ဉီးလြင္တပ္နယ္၊ စစ္တကၠသိုလ္ က်င္းပျပဳလုပ္ခဲ့သည္။

အခမ္းအနားမွာ သိပၸံႏွင့္နည္းပညာဆိုင္ရာပိုစ တာ ၂၃ေစာင္ျပသထားၿပီး သိပၸံႏွင့္နည္းပညာဆိုင္ရာစာတမ္း (၅၄)ေစာင္နဲ႔ ဖိတ္ၾကားထားတဲ့ပါေမာကၡေတြရဲ႕ စာတမ္း (၂)ေစာင္၊ စုစုေပါင္း(၅၆)ေစာင္ ဖတ္ၾကားခဲ့ေၾကာင္းသိရပါတယ္။

အခမ္းအနားကိုယေန႔ ေအာက္တိုဘာလ ၂၇ရက္ေန႔ထိျပဳလုပ္မွာျဖစ္ၿပီး ၂၇ရက္ေန႔မွာလည္း keynote speaker စာတမ္း(၂)ေစာင္နဲ႔ အထူးစာတမ္း(၆)ေစာင္အပါအဝင္ စုစုေပါင္း စာတမ္း (၅၀)ေစာင္ ဖတ္ၾကားမယ္လို႔ သိရပါတယ္။

ဒါ့အျပင္ သိပၸံႏွင့္နည္းပညာဆိုင္ရာဖြံၿဖိဳးတိုးတက္ေရးကြန္ဖရင့္(၂၀၂၁)မွာ အေကာင္းဆုံးစာတမ္း (၆)ေစာင္နဲ႔ အေကာင္းဆုံးပိုစတာဆု (၂)ဆု ခ်ီးျမႇင့္မယ္လို႕ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here