မူဆယ် ၁၀၅ မိုင် ကုတင်-၁၀၀၀ ကိုဗစ်ပိုးတွေ့လူနာကုသရေးစင်တာအတွက် တရုတ်နိုင်ငံမှ ပေးပို့ကူညီတဲ့ PCR စက်နဲ့နိုဝင်ဘာလဆန်းပိုင်းမှာ စစ်ဆေးမှုတွေ ပြုလုပ်နိုင်မည်

0
127

(Unicode)

မူဆယ် ၁၀၅ မိုင် ကုတင်-၁၀၀၀ ကိုဗစ်ပိုးတွေ့လူနာကုသရေးစင်တာအတွက် တရုတ်နိုင်ငံမှ ပေးပို့ကူညီတဲ့ PCR စက်နဲ့နိုဝင်ဘာလဆန်းပိုင်းမှာ စစ်ဆေးမှုတွေ ပြုလုပ်နိုင်မည်

နေပြည်တော် အောက်တိုဘာ ၂၇

မူဆယ်နယ်စပ်ဒေသတွင် တည်ဆောက်ကာ ကုသဝန်ဆောင်မှုပေးနေတဲ့ ကုတင်-၁၀၀၀ ကိုဗစ်ပိုး တွေ့လူနာကုသရေးစင်တာအတွက် တရုတ်နိုင်ငံမှပေးပို့ကူညီတဲ့ PCR စက်ကြီးနဲ့ လာမဲ့နိုဝင်ဘာလဆန်းပိုင်းတွင် စစ်ဆေးမှုတွေပြုလုပ်ပေးနိုင်မှာဖြစ်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနက သိရပါတယ်။

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ရာမှာ မူဆယ်ဒေသသည် ကိုဗစ်-၁၉ ရောဂါကင်းစင်သည့် နေရာဖြစ်ရန်လိုအပ်သည့်အတွက် လက်ရှိမှာ မူဆယ် ၁၀၅ မိုင်ဇုန်အတွင်းရှိ သူများအားလုံးကို Test Kit ဖြင့် ကိုဗစ်-၁၉ စစ်ဆေးမှုတွေပြုလုပ်ထားပြီး ပိုးတွေ့ရှိသူ ၁၄ ဦးထိရှိထားကြောင်း၊ ထို့ပြင် မူဆယ် ၁၀၅ မိုင် အနီးဝန်းကျင် ရွာများတွင်လည်း စစ်ဆေးပေးထားပြီးဖြစ်ကာ လာမဲ့ နိုဝင်ဘာလဆန်းပိုင်းခန့်မှစ၍ တရုတ်နိုင်ငံမှ စင်တာအတွက်ပေးပို့ကူညီသည့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသည့် PCR စက်ကြီးဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် မိသားစုများကိုပါ ဆက်လက်စစ်ဆေး ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

“ ဒီလ ၃ ရက်နေ့လောက်က မူဆယ် ၁၀၅ မိုင် ပိုးတွေ့လူနာကုသရေးစင်တာကို အဲ့ဒီ PCR စက်ကြီး ရောက်လာပါပြီ။ တရုတ်ဘက်က အစကတော့ စက်ကိုလဲ ကူညီပေးမယ်။ ဒီစက်အသုံးပြုစစ်ဆေးမဲ့ ပညာရှင် ကိုလဲ ကူညီမယ်ဆိုပြီးပြောထားတာ။ အခုတော့ သူတို့ဘက်က ပညာရှင်ကို ကျွန်တော်တို့ဘက်ကို မလွှတ်တော့ဘဲ သူတို့နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားသုံးဦးကို သင်တန်းပေးနေတာ တစ်ပတ်လောက် ရှိပါပြီ။ သူတို့သင်တန်းဆင်းရင် ကျွန်တော်ထင်တယ် နောက်လဆန်းပိုင်းလောက်မှာ သင်တန်းဆင်းပြီး ဒီ PCR စက်ကြီးကို သူတို့ကိုင်တွယ်ပြီး လူတွေကိုစစ်ဆေးပေးမှာပါ။ ဒီစက်နဲ့ဆိုရင် တစ်နေ့တည်းနဲ့ လူအများကြီး စစ်ပေးနိုင်တာပေါ့၊ အခုလောလောဆယ်တော့ ဇုန်ထဲက သူတွေနဲ့ ဒေသခံတွေကို စစ်ပေးနေတာပါ” လို့ စားသုံးသူရေးရာဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိတွင် မူဆယ် ၁၀၅ မိုင် ဇုန်အတွင်းနှင့် အနီးဒေသကျေးရွာများမှ ဒေသခံများကို တစ်နေ့လျှင် လူဦးရေ ၁၀၀ ခန့် ကိုဗစ် -၁၉ ရောဂါများ စစ်ဆေးပေးလျက်ရှိကြောင်း၊ လက်ရှိတွင် တရုတ်နယ်စပ်ဂိတ်များ ကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံကိုယ်စားလှယ်များ ညှိနှိုင်းဆွေးနွေးလျက်ရှိနေတယ်လို့ သိရပါတယ်။

(Zawgyi)

မူဆယ္ ၁၀၅ မိုင္ ကုတင္-၁၀၀၀ ကိုဗစ္ပိုးေတြ႕လူနာကုသေရးစင္တာအတြက္ တ႐ုတ္ႏိုင္ငံမွ ေပးပို႔ကူညီတဲ့ PCR စက္နဲ႔ႏိုဝင္ဘာလဆန္းပိုင္းမွာ စစ္ေဆးမႈေတြ ျပဳလုပ္ႏိုင္မည္

ေနျပည္ေတာ္ ေအာက္တိုဘာ ၂၇

မူဆယ္နယ္စပ္ေဒသတြင္ တည္ေဆာက္ကာ ကုသဝန္ေဆာင္မႈေပးေနတဲ့ ကုတင္-၁၀၀၀ ကိုဗစ္ပိုး ေတြ႕လူနာကုသေရးစင္တာအတြက္ တ႐ုတ္ႏိုင္ငံမွေပးပို႔ကူညီတဲ့ PCR စက္ႀကီးနဲ႔ လာမဲ့ႏိုဝင္ဘာလဆန္းပိုင္းတြင္ စစ္ေဆးမႈေတြျပဳလုပ္ေပးႏိုင္မွာျဖစ္တယ္လို႔ စားသုံးသူေရးရာဦးစီးဌာႏွက သိရပါတယ္။

တ႐ုတ္-ျမန္မာနယ္စပ္ ကုန္သြယ္ေရးဂိတ္မ်ား ျပန္လည္ဖြင့္လွစ္ရာမွာ မူဆယ္ေဒသသည္ ကိုဗစ္-၁၉ ေရာဂါကင္းစင္သည့္ ေနရာျဖစ္ရန္လိုအပ္သည့္အတြက္ လက္ရွိမွာ မူဆယ္ ၁၀၅ မိုင္ဇုန္အတြင္းရွိ သူမ်ားအားလုံးကို Test Kit ျဖင့္ ကိုဗစ္-၁၉ စစ္ေဆးမႈေတြျပဳလုပ္ထားၿပီး ပိုးေတြ႕ရွိသူ ၁၄ ဦးထိရွိထားေၾကာင္း၊ ထို႔ျပင္ မူဆယ္ ၁၀၅ မိုင္ အနီးဝန္းက်င္ ႐ြာမ်ားတြင္လည္း စစ္ေဆးေပးထားၿပီးျဖစ္ကာ လာမဲ့ ႏိုဝင္ဘာလဆန္းပိုင္းခန႔္မွစ၍ တ႐ုတ္ႏိုင္ငံမွ စင္တာအတြက္ေပးပို႔ကူညီသည့္ ကိုဗစ္-၁၉ ေရာဂါ စစ္ေဆးသည့္ PCR စက္ႀကီးျဖင့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ မိသားစုမ်ားကိုပါ ဆက္လက္စစ္ေဆး ေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

“ ဒီလ ၃ ရက္ေန႔ေလာက္က မူဆယ္ ၁၀၅ မိုင္ ပိုးေတြ႕လူနာကုသေရးစင္တာကို အဲ့ဒီ PCR စက္ႀကီး ေရာက္လာပါၿပီ။ တ႐ုတ္ဘက္က အစကေတာ့ စက္ကိုလဲ ကူညီေပးမယ္။ ဒီစက္အသုံးျပဳစစ္ေဆးမဲ့ ပညာရွင္ ကိုလဲ ကူညီမယ္ဆိုၿပီးေျပာထားတာ။ အခုေတာ့ သူတို႔ဘက္က ပညာရွင္ကို ကြၽန္ေတာ္တို႔ဘက္ကို မလႊတ္ေတာ့ဘဲ သူတို႔ႏိုင္ငံမွာေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားသုံးဦးကို သင္တန္းေပးေနတာ တစ္ပတ္ေလာက္ ရွိပါၿပီ။ သူတို႔သင္တန္းဆင္းရင္ ကြၽန္ေတာ္ထင္တယ္ ေနာက္လဆန္းပိုင္းေလာက္မွာ သင္တန္းဆင္းၿပီး ဒီ PCR စက္ႀကီးကို သူတို႔ကိုင္တြယ္ၿပီး လူေတြကိုစစ္ေဆးေပးမွာပါ။ ဒီစက္နဲ႔ဆိုရင္ တစ္ေန႔တည္းနဲ႔ လူအမ်ားႀကီး စစ္ေပးႏိုင္တာေပါ့၊ အခုေလာေလာဆယ္ေတာ့ ဇုန္ထဲက သူေတြနဲ႔ ေဒသခံေတြကို စစ္ေပးေနတာပါ” လို႔ စားသုံးသူေရးရာဦးစီးဌာနက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
လက္ရွိတြင္ မူဆယ္ ၁၀၅ မိုင္ ဇုန္အတြင္းႏွင့္ အနီးေဒသေက်း႐ြာမ်ားမွ ေဒသခံမ်ားကို တစ္ေန႔လွ်င္ လူဦးေရ ၁၀၀ ခန႔္ ကိုဗစ္ -၁၉ ေရာဂါမ်ား စစ္ေဆးေပးလ်က္ရွိေၾကာင္း၊ လက္ရွိတြင္ တ႐ုတ္နယ္စပ္ဂိတ္မ်ား ကို အျမန္ဆုံး ျပန္လည္ဖြင့္လွစ္ႏိုင္ေရး ႏွစ္ႏိုင္ငံကိုယ္စားလွယ္မ်ား ညႇိႏႈိင္းေဆြးေႏြးလ်က္ရွိေနတယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here