မန္တလေးတိုင်းအတွင်း ယခုနှစ်အတွက် ပထမဆုံး ရာနှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုခွင့်ပြု

0
246

(Unicode)

မန္တလေးတိုင်းအတွင်း ယခုနှစ်အတွက် ပထမဆုံး ရာနှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုခွင့်ပြု

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ယခု အောက်တိုဘာလ အတွင်း စက်မှုကဏ္ဍအတွက် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခု နှင့်လျှပ်စစ်ကဏ္ဍအတွက် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုတို့ကိုမန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်း နှစ်ခု၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၀၈ သန်းရှိပြီး ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း ၇၀၉ ခု အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုကော်မတီ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်နေသောလုပ်ငန်း ၄ ခု ကို တည်ဆောက်ရေးကာလတိုးမြှင့်ပေးရန် ပြီးခဲ့သည့် မေလက ဆုံးဖြတ်ခဲ့ပြီးနောက် ဇူလိုင်လအတွင်းက ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၁၄ နေရာကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုပမာဏ မြန်မာကျပ် ၆၇၁၉ ဒသမ ၀၈၀ သန်းရှိသော ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခု ကို ခွင့်ပြုခဲ့သေးသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် COVID -19 ကြောင့်တစ်ကမ္ဘာလုံးတွင် ရင်းနှီးမြှုပ်နှံမှု ၄၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယခုနှစ်တွင်လည်း ၅ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းထိ ထပ်မံ ကျဆင်းနိုင်သည်ဟုခန့်မှန်းထားကြသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံလိုသူများ အားလုံးကို ဥပဒေအတိုင်း လွတ်လွတ်လပ်လပ် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

ပုံစာ-မြို့သာစက်မှုဇုန်မြင်ကွင်း

 

(Zawgyi)

မႏၲေလးတိုင္းအတြင္း ယခုႏွစ္အတြက္ ပထမဆုံး ရာႏႈန္းျပည့္ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈခြင့္ျပဳ

မႏၲေလးတိုင္းေဒသႀကီးအတြင္းတြင္ ယခု ေအာက္တိုဘာလ အတြင္း စက္မႈက႑အတြက္ ရာႏႈန္းျပည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း တစ္ခု ႏွင့္လွ်ပ္စစ္က႑အတြက္ ဖက္စပ္ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ တစ္ခုတို႔ကိုမႏၲေလးတိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက ခြင့္ျပဳေပးလိုက္ေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္း ႏွစ္ခု၏ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏမွာ အေမရိကန္ေဒၚလာ ၄ ဒသမ ၃၀၈ သန္းရွိၿပီး ျပည္တြင္း၌ အလုပ္အကိုင္ အခြင့္အလမ္း ၇၀၉ ခု အတြက္ ဖန္တီးေပးႏိုင္မည္ ျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန တာဝန္ရွိသူက ေျပာသည္။

မႏၲေလးတိုင္းေဒသႀကီး၏ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ အတည္ျပဳမိန႔္ျဖင့္ ေဆာင္႐ြက္ေနေသာလုပ္ငန္း ၄ ခု ကို တည္ေဆာက္ေရးကာလတိုးျမႇင့္ေပးရန္ ၿပီးခဲ့သည့္ ေမလက ဆုံးျဖတ္ခဲ့ၿပီးေနာက္ ဇူလိုင္လအတြင္းက ကုန္ထုတ္လုပ္မႈက႑တြင္ ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္းေပါင္း ၁၁၄ ေနရာကို ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ျမန္မာက်ပ္ ၆၇၁၉ ဒသမ ၀၈၀ သန္းရွိေသာ ရာခိုင္ႏႈန္းျပည့္ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၃ ခု ကို ခြင့္ျပဳခဲ့ေသးသည္။

ၿပီးခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္တြင္ COVID -19 ေၾကာင့္တစ္ကမာၻလုံးတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ၄၂ ရာခိုင္ႏႈန္း က်ဆင္းခဲ့ၿပီး ယခုႏွစ္တြင္လည္း ၅ရာခိုင္ႏႈန္း မွ ၁၀ ရာခိုင္ႏႈန္းထိ ထပ္မံ က်ဆင္းႏိုင္သည္ဟုခန႔္မွန္းထားၾကသည့္အတြက္ ျမန္မာႏိုင္ငံအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံလိုသူမ်ား အားလုံးကို ဥပေဒအတိုင္း လြတ္လြတ္လပ္လပ္ ရင္းႏွီးျမႇဳပ္ႏွံရန္ ဖိတ္ေခၚထားေၾကာင္း သိရသည္။

ပုံစာ-ၿမိဳ႕သာစက္မႈဇုန္ျမင္ကြင္း


LEAVE A REPLY

Please enter your comment!
Please enter your name here