အမေရိကန်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကလေးငယ်များကာကွယ်ဆေးထိုးနှံရန် ထောက်ခံချက်ပေး

0
190

(Unicode)

အမေရိကန်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကလေးငယ်များကာကွယ်ဆေးထိုးနှံရန် ထောက်ခံချက်ပေး

အမေရိကန်နိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ကကျွမ်းကျင်ပညာရှင်တစ်ဦးမှ အသက် ၅နှစ်မှ ၁၁နှစ်အတွင်းကလေးငယ်များကို ကိုဗစ်ကာကွယ်ဆေး Pfizer ထိုးနှံရန် အောက်တိုဘာလ ၂၆ရက်နေ့ကပြုလုပ်ခဲ့သည့်အစည်းအဝေတွင် ထောက်ခံချက်ပေးခဲ့သည်။

အမေရိကန် FDA အဖွဲ့ဝင်များက ကာကွယ်ဆေးအရေးပေါ်ထိုးနှံရေးအစီအစဉ်တွင် ကလေးငယ်များကိုထည့်သွင်းရန် တောင်းဆိုချက်တစ်ရပ်ပြုလုပ်ခဲ့ပြီး ၎င်းအစီအစဉ်တွင် ကလေးငယ် ၂၂၀၀ကျော်ပါဝင်ရန် ရည်ရွယ်ထားသည်ဟုသိရသည်။

ကလေးငယ်များကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်ဆေးဒုတိယအကြိမ်ထိုးအပြီး အနည်းဆုံး ၇ရက်အကြာမှာ ၉၀.၇% အထိ အကျိုးသက်ရောက်မှုရှိရုံသာမက ခဏတာအတွက်သာမဟုတ်ဘဲ ရေရှည်အတွက်ပါအကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ ကာကွယ်ဆေးကုမ္ပဏီတစ်ခုမှဆိုထားသည်။

FDA အနေနဲ့ ကလေးငယ်များကာကွယ်ဆေးအရေးပေါ်ထိုးနှံရေးအစီအစဉ်ကို မကြာခင်ပြုလုပ်ဆောင်ရွက်ရန်မျှော်လင့်နေပြီး အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကုသရေးဌာနအနေနဲ့လည်း နိုဝင်ဘာလအစမှာ စောနိုင်သမျှအစောဆုံး ဆုံးဖြတ်ချက်ချဆောင်ရွက်သွားမယ်လို့သိရသည်။

Source – NHK
Photo – The Guardian

(Zawgyi)

အေမရိကန္အစားေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ ကေလးငယ္မ်ားကာကြယ္ေဆးထိုးႏွံရန္ ေထာက္ခံခ်က္ေပး

အေမရိကန္ႏိုင္ငံ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန FDA ကကြၽမ္းက်င္ပညာရွင္တစ္ဦးမွ အသက္ ၅ႏွစ္မွ ၁၁ႏွစ္အတြင္းကေလးငယ္မ်ားကို ကိုဗစ္ကာကြယ္ေဆး Pfizer ထိုးႏွံရန္ ေအာက္တိုဘာလ ၂၆ရက္ေန႔ကျပဳလုပ္ခဲ့သည့္အစည္းအေဝတြင္ ေထာက္ခံခ်က္ေပးခဲ့သည္။

အေမရိကန္ FDA အဖြဲ႕ဝင္မ်ားက ကာကြယ္ေဆးအေရးေပၚထိုးႏွံေရးအစီအစဥ္တြင္ ကေလးငယ္မ်ားကိုထည့္သြင္းရန္ ေတာင္းဆိုခ်က္တစ္ရပ္ျပဳလုပ္ခဲ့ၿပီး ၎အစီအစဥ္တြင္ ကေလးငယ္ ၂၂၀၀ေက်ာ္ပါဝင္ရန္ ရည္႐ြယ္ထားသည္ဟုသိရသည္။

ကေလးငယ္မ်ားကာကြယ္ေဆးထိုးႏွံျခင္းျဖင့္ ကာကြယ္ေဆးဒုတိယအႀကိမ္ထိုးအၿပီး အနည္းဆုံး ၇ရက္အၾကာမွာ ၉၀.၇% အထိ အက်ိဳးသက္ေရာက္မႈရွိ႐ုံသာမက ခဏတာအတြက္သာမဟုတ္ဘဲ ေရရွည္အတြက္ပါအက်ိဳးသက္ေရာက္မႈရွိႏိုင္တယ္လို႔ ကာကြယ္ေဆးကုမၸဏီတစ္ခုမွဆိုထားသည္။

FDA အေနနဲ႔ ကေလးငယ္မ်ားကာကြယ္ေဆးအေရးေပၚထိုးႏွံေရးအစီအစဥ္ကို မၾကာခင္ျပဳလုပ္ေဆာင္႐ြက္ရန္ေမွ်ာ္လင့္ေနၿပီး အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ကုသေရးဌာနအေနနဲ႔လည္း ႏိုဝင္ဘာလအစမွာ ေစာႏိုင္သမွ်အေစာဆုံး ဆုံးျဖတ္ခ်က္ခ်ေဆာင္႐ြက္သြားမယ္လို႔သိရသည္။

Source – NHK
Photo – The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here