ဒေါ်လာဈေး စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် တဖြေးဖြေး ကျဆင်းလာ

0
272

(Unicode)

ဒေါ်လာဈေး စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် တဖြေးဖြေး ကျဆင်းလာ

ပြည်တွင်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၂၀၀ ကျော်ထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ယခုအခါ တဖြေးဖြေး ကျဆင်းလာ ခဲ့သည်။

“ဒီနေ့မှာ အမေရိကန်ဒေါ်လာ အရောင်းက ၁၈၂၀ ၊အဝယ်က ၁၈၅၀ ဖြစ်သွားတယ်။မနက်ကပေါ့ ၊ USD (bank Account) ဒါမှ မဟုတ် Export Earning ဆိုရင်တော့ MICB , MFTB မှာ ၁၇၅၀ ၊ တစ်ခြားဘဏ်မှာ ၁၇၆၀ နဲ့ ၁၇၇၀ လောက် ရှိပါတယ်။ဒါက ဘာကြောင့်လဲဆိုရင် သွင်းကုန်တော်တော်များများကိုထိန်းချုပ်လိုက်တယ်။ ရာသီကလည်းပွင့်လင်းရာသီရောက်လာတယ်။ နိုဝင်ဘာလောက်မှာ လယ်ယာထွက်ကုန်တွေထွက်တာကြောင့်ဒေါ်လာဈေးကျလေ့ရှိတယ်။ ရာသီအချိန်ပေါ့။ ပြီးတော့ ဘတ်ဂျက်အသစ်မှာ ကောလဟာလတွေရှိခဲ့တယ် ။ငါးသောင်းတန်တိုသုံးသောင်းတန်တို့ထွက်မယ်ပေါ့ ဒါတွေကမထွက်ဘူး။ ဒါကြောင့်ဒါ်လာကိုင်ထားသူတွေပြန်ဖော်တာတွေရှိလာတယ်။ ဒါတွေကြောင့် ‌ပြန်ကျတာ” ဟု စီးပွားရေးလုပ်ငန်းရှင်ဒေါက်တာစိုးထွန်းက‌ပြောသည်။

ဗဟိုဘဏ်အနေဖြင့် ဒေါ်လာဈေးကျဆင်းစေရန် ဈေးပြိုင်လေလံဖြင့် ဒေါ်လာလိုအပ်ချက် ရှိနေသော ကဏ္ဍများအတွက် ရည်ညွှန်းငွေဈေးတစ်ခု သတ်မှတ်၍ ရောင်းချပေးခဲ့ရာ ယခု လအတွင်း သန်း ၁၁၀ ရောင်းချပေးခဲ့သည်မှာလည်း ဒေါ်လာဈေး ပြန်လည် ကျဆင်းလာခြင်း အကြောင်းရင်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။

ဗဟိုဘဏ်က ပို့ကုန်လုပ်ငန်းမှ ရသော နိုင်ငံခြားငွေများကို တစ်လအတွင်း ပြန်လည်ရောင်းချရန် ညွှန်ကြားချက် ထုတ်ထားပြီး ဖြစ်သည်။ ယင်းအပြင် ပြည်ပက တစ်ဦးချင်းအနေဖြင့် ကားတင်သွင်းခွင့်ကို လည်း ပိတ်ထားသေးသောကြောင့် ဒေါ်လာငွေ သုံးစွဲရသည့်လုပ်ငန်းများကို အတတ်နိုင်ဆုံး လျှော့ချပေးခြင်းဖြင့် ဒေါ်လာဈေးကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင် ဒေါ်လာဈေး အပြင် အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျှင် ယခင် သိန်း ၂၀ ကျော်မှ ၁၇ သိန်းကျော်ထိ ကျဆင်းခဲ့ကြောင်းလည်း သိရသည်။

(Zawgyi)

ေဒၚလာေဈး စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီးေနာက္ တေျဖးေျဖး က်ဆင္းလာ

ျပည္တြင္းတြင္ အေမရိကန္ တစ္ေဒၚလာလွ်င္ ၂၂၀၀ ေက်ာ္ထိ စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီးေနာက္ ယခုအခါ တေျဖးေျဖး က်ဆင္းလာ ခဲ့သည္။

“ဒီေန႔မွာ အေမရိကန္ေဒၚလာ အေရာင္းက ၁၈၂၀ ၊အဝယ္က ၁၈၅၀ ျဖစ္သြားတယ္။မနက္ကေပါ့ ၊ USD (bank Account) ဒါမွ မဟုတ္ Export Earning ဆိုရင္ေတာ့ MICB , MFTB မွာ ၁၇၅၀ ၊ တစ္ျခားဘဏ္မွာ ၁၇၆၀ နဲ႔ ၁၇၇၀ ေလာက္ ရွိပါတယ္။ဒါက ဘာေၾကာင့္လဲဆိုရင္ သြင္းကုန္ေတာ္ေတာ္မ်ားမ်ားကိုထိန္းခ်ဳပ္လိုက္တယ္။ ရာသီကလည္းပြင့္လင္းရာသီေရာက္လာတယ္။ ႏိုဝင္ဘာေလာက္မွာ လယ္ယာထြက္ကုန္ေတြထြက္တာေၾကာင့္ေဒၚလာေဈးက်ေလ့ရွိတယ္။ ရာသီအခ်ိန္ေပါ့။ ၿပီးေတာ့ ဘတ္ဂ်က္အသစ္မွာ ေကာလဟာလေတြရွိခဲ့တယ္ ။ငါးေသာင္းတန္တိုသုံးေသာင္းတန္တို႕ထြက္မယ္ေပါ့ ဒါေတြကမထြက္ဘူး။ ဒါေၾကာင့္ဒၚလာကိုင္ထားသူေတြျပန္ေဖာ္တာေတြရွိလာတယ္။ ဒါေတြေၾကာင့္ ‌ျပန္က်တာ” ဟု စီးပြားေရးလုပ္ငန္းရွင္ေဒါက္တာစိုးထြန္းက‌ေျပာသည္။

ဗဟိုဘဏ္အေနျဖင့္ ေဒၚလာေဈးက်ဆင္းေစရန္ ေဈးၿပိဳင္ေလလံျဖင့္ ေဒၚလာလိုအပ္ခ်က္ ရွိေနေသာ က႑မ်ားအတြက္ ရည္ၫႊန္းေငြေဈးတစ္ခု သတ္မွတ္၍ ေရာင္းခ်ေပးခဲ့ရာ ယခု လအတြင္း သန္း ၁၁၀ ေရာင္းခ်ေပးခဲ့သည္မွာလည္း ေဒၚလာေဈး ျပန္လည္ က်ဆင္းလာျခင္း အေၾကာင္းရင္းမ်ားထဲတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။

ဗဟိုဘဏ္က ပို႔ကုန္လုပ္ငန္းမွ ရေသာ ႏိုင္ငံျခားေငြမ်ားကို တစ္လအတြင္း ျပန္လည္ေရာင္းခ်ရန္ ၫႊန္ၾကားခ်က္ ထုတ္ထားၿပီး ျဖစ္သည္။ ယင္းအျပင္ ျပည္ပက တစ္ဦးခ်င္းအေနျဖင့္ ကားတင္သြင္းခြင့္ကို လည္း ပိတ္ထားေသးေသာေၾကာင့္ ေဒၚလာေငြ သုံးစြဲရသည့္လုပ္ငန္းမ်ားကို အတတ္ႏိုင္ဆုံး ေလွ်ာ့ခ်ေပးျခင္းျဖင့္ ေဒၚလာေဈးကို ထိန္းခ်ဳပ္ခဲ့ျခင္း ျဖစ္သည္။

ယေန႔ ေအာက္တိုဘာလ ၂၇ ရက္တြင္ ေဒၚလာေဈး အျပင္ အကယ္ဒမီ မီးလင္းေ႐ႊတစ္က်ပ္သားလွ်င္ ယခင္ သိန္း ၂၀ ေက်ာ္မွ ၁၇ သိန္းေက်ာ္ထိ က်ဆင္းခဲ့ေၾကာင္းလည္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here