မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် မီးလောင်မှုဖြစ်ပွား

0
229

(Unicode)

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့ရှိ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် အောက်တိုဘာ ၂၇ ရက်နံနက် ၁၂ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

“ကုန်သွယ်ရေးဇုန်မှာလောင်တာတော့မဟုတ်ဘူး ဇုန်အရှေ့က ဆိုင်ခန်းတိုက်တန်းတွေမှာလောင်တာပါ ဘယ်ကနေစလောင်တာလဲဆိုတာကတော့ ကျွန်တော်တို့အနေနဲ့ပြောလို့မရသေးပါဘူး ဆိုင်ခန်း ခုနှစ်ခန်းလောက်တော့မီးသင့်တဲ့အထဲမှာပါသွားတယ် ဆုံးရှုံးမှု့တန်ဖိုးကတော့စစ်ဆေးဆဲပါ”ဟု မူဆယ်မြို့နယ်မီးသတ်စခန်းမှမီးသတ်တပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဉ်အား မူဆယ်ခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ် သုံးစီး၊မူဆယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် သုံးစီးနှင့်ပတ်ဝန်းကျင်နေသူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁ နာရီ ၂၅ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁ နာရီ ၅၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Photo-MFSD

(Zawgyi)





Photo-MFSD


LEAVE A REPLY

Please enter your comment!
Please enter your name here