မြန်မာအမျိုးသားလေကြောင်းလိုင်း MNA မှ ကူညီကယ်ဆယ်ရေးခရီးစဉ် Relief Flight များ ပျံသန်းပြေးဆွဲမည်

0
286

(Unicode)

မြန်မာအမျိုးသားလေကြောင်းလိုင်း MNA မှ ကူညီကယ်ဆယ်ရေးခရီးစဉ် Relief Flight များ ပျံသန်းပြေးဆွဲမည်

မြန်မာအမျိုးသားလေကြောင်းလိုင်း MNA မှ ခရီးစဉ်များကို လာမည့်နိုဝင်ဘာလအတွင်း တနင်္လာနေ့နှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲသွားမှာဖြစ်ပြီး စင်ကာပူနိုင်ငံသို့သွားရောက်မည့်ခရီးစဉ်များနှင့် နေရပ်သို့ပြန်မည့်ခရီးစဉ်များပါဝင်သည်ဟုသိရသည်။

ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီစဉ်အတွက်လက်မှတ်များကို MNAလက်မှတ်အရောင်းကောင်တာများ၊ www.flymna.com နှင့် travel agent များတွင်ဝယ်ယူနိုင်သည်ဟုသိရသည်။

၎င်းခရီးစဉ်အတွက် အခြားနိုင်ငံသို့သွားရောက်ရန်လိုအပ်သည့် အထောက်အထားစာရွက်စာတန်းများ၊ ကိုဗစ်ရောဂါစည်းကမ်းသတ်မှတ်ချက်များကို တိကျစွာလိုက်နာရန်လိုအပ်သည်ဟုသိရပြီး ယခုထုတ်ပြန်ချက်ကို MNA မှ ယမန်နေ့အောက်တိုဘာလ ၂၆ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်သည်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here