ဧရာဝတီတိုင်း အတွင်း ပြည်သူသတ်ဖြတ်ခံရမှု၊ရုံးနှင့်ကျောင်းတို့အား ဖောက်ခွဲခဲ့သူ ၂၉ ဦးကို ဖမ်းဆီးရမိ

0
248

(Unicode)

ဧရာဝတီတိုင်း အတွင်း ပြည်သူသတ်ဖြတ်ခံရမှု၊ရုံးနှင့်ကျောင်းတို့အား ဖောက်ခွဲခဲ့သူ ၂၉ ဦးကို ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်မြို့နယ်နှင့်ဟင်္သာတမြို့နယ်တို့တွင် ပြည်သူတစ်ဦးသတ်ဖြတ်ခံရမှု၊မြို့နယ်စီမံအုပ်ချုပ်ရေးရုံးနှင့်အခြေခံပညာအထက်တန်းကျောင်းတို့အား ဖောက်ခွဲခဲ့သူများနှင့်ဆက်စပ်ပြစ်မှုကျူးလွန်သူ ၂၉ ဦးအားဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၂၆ ရက်နေ့က နစက က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ အမျိုးသား ၂၁ ဦး၊အမျိုးသမီး ရှစ်ဦး(စုစုပေါင်း ၂၉ ဦး)၊ MK-12 ၁၁ လက်၊ M-22  ရှစ်လက်၊ M-16  သုံးလက်၊ ပစ္စတို တစ်လက်၊ လက်လုပ်သေနတ်နှစ်လက်၊ ကျည်မျိုးစုံ ၂,၁၀၃ တောင့်၊ နင်းမိုင်းအသေး သုံးလုံး၊ နင်းမိုင်းအကြီး(ယမ်းမပါ) တစ်လုံး၊ ရှေ့ထွက်မိုင်း နှစ်လုံး၊ လက်လုပ်မိုင်း တစ်လုံး၊ ကျည်အိမ်မျိုးစုံ ၄၃ ခု၊  MK-12 လက်ကိုင် သုံးခု၊ MK-12 ပြောင်း(အပို) ၁၁ ချောင်း၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၂၇ ခုတို့အား နစက၏လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။

ပြစ်မှု့ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်ချက်အရ ကောင်းခန့်ကျော်သည် အောက်တိုဘာ ၁ ရက်တွင် မြန်အောင်မြို့နယ်၊သပြေကုန်းကျေးရွာတွင် ပြည်သူတစ်ဦးဖြစ်သည့် ဝင်းညွန့်အောင်(၃၆)နှစ်အား ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အောက်တိုဘာ ၄ ရက်တွင် ဟင်္သာတမြို့နယ်ရှိ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့နှင့် အထက(၁)ကျောင်းဘေးတို့တွင် လက်လုပ်ဗုံး သုံးလုံးကို ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ထို့အတူ စစ်ဆေးဖော်ထုတ်ချက်များအရ ဝိုင်းမောင်စိုး(ခ)ဝကြီးမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပြည်သူများအား အကြောက်တရားဖြင့်ထိန်းချုပ်နိုင်စေရန် ခရိုင်အလိုက် အကြမ်းဖက်အဖွဲ့အစည်းများဖွဲ့စည်း၍ ဆောင်ရွက်ခိုင်းစေထားကြောင်း သိရသည်။

(Zawgyi)

ဧရာဝတီတိုင္း အတြင္း ျပည္သူသတ္ျဖတ္ခံရမႈ၊႐ုံးႏွင့္ေက်ာင္းတို႔အား ေဖာက္ခြဲခဲ့သူ ၂၉ ဦးကို ဖမ္းဆီးရမိ

ဧရာဝတီတိုင္းေဒသႀကီး၊ျမန္ေအာင္ၿမိဳ႕နယ္ႏွင့္ဟသၤာတၿမိဳ႕နယ္တို႔တြင္ ျပည္သူတစ္ဦးသတ္ျဖတ္ခံရမႈ၊ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရး႐ုံးႏွင့္အေျခခံပညာအထက္တန္းေက်ာင္းတို႔အား ေဖာက္ခြဲခဲ့သူမ်ားႏွင့္ဆက္စပ္ျပစ္မႈက်ဴးလြန္သူ ၂၉ ဦးအားဖမ္းဆီးရမိခဲ့ေၾကာင္း ေအာက္တိုဘာ ၂၆ ရက္ေန႔က နစက က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွ ျပစ္မႈက်ဴးလြန္သူ အမ်ိဳးသား ၂၁ ဦး၊အမ်ိဳးသမီး ရွစ္ဦး(စုစုေပါင္း ၂၉ ဦး)၊ MK-12 ၁၁ လက္၊ M-22  ရွစ္လက္၊ M-16  သုံးလက္၊ ပစၥတို တစ္လက္၊ လက္လုပ္ေသနတ္ႏွစ္လက္၊ က်ည္မ်ိဳးစုံ ၂,၁၀၃ ေတာင့္၊ နင္းမိုင္းအေသး သုံးလုံး၊ နင္းမိုင္းအႀကီး(ယမ္းမပါ) တစ္လုံး၊ ေရွ႕ထြက္မိုင္း ႏွစ္လုံး၊ လက္လုပ္မိုင္း တစ္လုံး၊ က်ည္အိမ္မ်ိဳးစုံ ၄၃ ခု၊  MK-12 လက္ကိုင္ သုံးခု၊ MK-12 ေျပာင္း(အပို) ၁၁ ေခ်ာင္း၊ ဆက္စပ္ပစၥည္းမ်ိဳးစုံ ၂၇ ခုတို႔အား နစက၏လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးရမိခဲ့သည္။

ျပစ္မႈ႕က်ဴးလြန္သူမ်ားအား စစ္ေဆးေဖာ္ထုတ္ခ်က္အရ ေကာင္းခန္႔ေက်ာ္သည္ ေအာက္တိုဘာ ၁ ရက္တြင္ ျမန္ေအာင္ၿမိဳ႕နယ္၊သေျပကုန္းေက်း႐ြာတြင္ ျပည္သူတစ္ဦးျဖစ္သည့္ ဝင္းၫြန႔္ေအာင္(၃၆)ႏွစ္အား ပစ္ခတ္သတ္ျဖတ္ခဲ့ၿပီး ေအာက္တိုဘာ ၄ ရက္တြင္ ဟသၤာတၿမိဳ႕နယ္ရွိ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕႐ုံးေရွ႕ႏွင့္ အထက(၁)ေက်ာင္းေဘးတို႔တြင္ လက္လုပ္ဗုံး သုံးလုံးကို ေဖာက္ခြဲခဲ့ေၾကာင္း သိရသည္။

ထို႔အတူ စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ ဝိုင္းေမာင္စိုး(ခ)ဝႀကီးမွ ဧရာဝတီတိုင္းေဒသႀကီးအတြင္း အၾကမ္းဖက္ေဖာက္ခြဲေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ႏွင့္ ျပည္သူမ်ားအား အေၾကာက္တရားျဖင့္ထိန္းခ်ဳပ္ႏိုင္ေစရန္ ခ႐ိုင္အလိုက္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားဖြဲ႕စည္း၍ ေဆာင္႐ြက္ခိုင္းေစထားေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here